30

457 62 1
                                    

Chapter 30: ငရဲတွင်း

ဇူအန်၏ ကီသစ်သီးအပေါ်မကျေနပ်မှုသည် သူ၏ ကျင့်ကြံခြင်းလောကအကြောင်း မသိနားမလည်မှုကြောင့် ဖြစ်သည်။ ဤလောကရှိ ကျင့်ကြံသူတိုင်းသည် တစ်ဆင့်တက်ရန်ပင် လချီ သို့မဟုတ် နှစ်ချီ၍ ကြာမြင့်ကြသည်။

မက်မွန်ပွင့် ၁၂၏ နှစ်၂၀ကျင့်ကြံမှုကို ဇူအန်က ညတွင်းချင်း ရောက်လာခြင်းပင်။
ဇူအန်၏ ကျင့်ကြံမှုအဆင့် မြင့်တက်နှုန်းသည် လောကရှိ လူတိုင်းကို အံ့အားသင့်စေလိမ့်မည်။

ထို့အပြင် ကီးဘုတ်ကို အသက်ဝင်စေသော ဖီးနစ်ကောင်းကင်သိုင်းကျမ်းသည် သာမန်ကျင့်စဉ်မဟုတ်ပေ။ ဒဏ်ရာကို လက်ခံခြင်းဖြင့် လေ့ကျင့်နိုင်သော တမူးထူးခြားသည့် ကျင့်စဉ်ဖြစ်ပြီး သာမန်ကျင့်စဉ်များထက် အဆမတန်သာလေသည်။

ဇူအန်တွင် နှိုင်ယှဉ်ကြည့်ရန် ဗဟုသုတမရှိသဖြင့် ကီသီး၏ လွန်ကြူးသောအကျိုးရလဒ်ကို မသိခြင်းပင်။

ဇူအန် ထပ်မံကံစမ်း၍ ကီသီးနောက်တစ်လုံးရလေသည်။ နောက်ဆုံး အမျက်ပွိုင့် ၂၂၂၀၀ ပွိုင့် အကုန်ခံပြီး ကီသီး စုစုပေါင်း ၁၆လုံး ရလိုက်လေသည်။

"အခုကစပြီး ရနိုင်တာ ဒီပစ္စည်းတစ်ခုတည်းလား" ဇူအန် မကျေနပ်စွာ ရေရွတ်လိုက်သည်။

သူတွက်ကြည့်သည်။ ၁၄ကြိမ်ကံစမ်းတိုင်း ကီသီးတစ်ခါရလေသည်။

ဇူအန် ကီသီးကို တစ်ခုပြီးတစ်ခု မြိုချလိုက်သည်။ သုံးလုံးစားပြီးနောက် စတုတ္ထအစီအရင်သည် ပြည့်သွားလေပြီ။ ပဉ္စမအစီအရင်ပြည့်ရန်အတွက် ၅လုံး၊ ဆဋမအစီအရင်ပြည့်ရန်အတွက် ၈လုံး သုံးလိုက်ရသည်။ ထို့နောက်တွင်တော့ ဇူအန်၏ ကီသီးကုန်သွားလေသည်။

အစီအရင်ပြည့်ရန်လိုအပ်သော ကီသီးအရေအတွက်သည် ဇူအန်အဖို့ အတော်လေး ရင်းနှီးနေသည်။

နေစမ်းပါဦး ဒါက ဖီဘိုနာချီ (Fibonacci) ကိန်းစဉ် မဟုတ်ဘူးလား။

အရည်အချင်းပြည့်ဝသော ကီးဘုတ်ဖိုက်တာတစ်ယောက်အနေဖြင့် အင်တာနက်ဖိုရမ်များပေါ်တွင် ဆရာကျကျအထာကိုင်နိုင်ရန် ရှုပ်ထွေးပုံပေါ်သည့် အခေါ်အဝေါ်အားလုံးကို ရင်းနှီးနေရမည်ပင်။ သဘာဝ၏ဖြစ်စဉ်အများစုသည် ထိုကိန်းစဉ်အတိုင်း အစဉ်လိုဖြစ်ပေါ်တတ်ကြောင်း ဇူအန် သိထားသည်။
ဥပမာ-ပြောင်းဖူး၊ နာနတ်သီး၊ သစ်ရွက်များ၏ အစီအစဉ်၊ နေကြာပွင့်ချပ်များ၏ အရေအတွက်၊ ပျားအုံတည်ဆောက်ပုံ၊ ပုစဉ်းတောင်ပံပေါ်မှ ပုံစံကွက်၊ ရွှေထောင့်မှန်စတုဂံ၊ ရွှေအချိုး(golden ratio)  အစရှိသည်များပင်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now