49

362 63 1
                                    

Chapter 49. ကပ်စားဘုရင်၏ ဒဏ္ဍာရီ

ရီချန်းလျန် သူတစ်ယောက်တည်း ဖေးမြန့်မုန်ဆီ ထိပ်တိုက်ဝင်နေကြောင်း တွေ့လိုက်ရသည်။

သူက ဓားအားလုံး အငွေ့ပျံသွားသည်ကို မြင်ပြီး ကြောက်လန့်သွားရသည်။ ထိုမီးတောက်က သတ္ထုကိုပင် အရည်ပျော်ကျစေနိုင်လျှင် အသွေးအသားဖြင့် တည်ဆောက်ထားသော ခန္တာကိုယ်က ဘယ်ခံနိုင်ရည် ရှိမလဲ။

ယွမ်ဝမ်ဒုံ၏ ဓားများက ဤမျှအသုံးမကျလိမ့်မည်ဟု သူမထင်ထားမိပေ။ ကျောက်တုံးတစ်တုံးကတောင် ရေထဲကျလျှင် အနည်းဆုံးရေပွက်ထသေးသည်။ ထိုဓားများသည်ကား ဘာမှအရာမထင်ဘဲ ပျောက်ကွယ်သွားခြင်းပင်။

သူ့အသိစိတ်က အန္တရာယ်ကို တိုင်းတာပြီးချိန်တွင်ကား ရပ်တန့်ရန် အချိန်လွန်သွားလေပြီ။ သူ့ခန္တာကိုယ်က ပျက်စီးရာသို့ ဦးတည်နေခြင်းကိုသာ ဆောက်တည်ရာမရ ကြည့်နေနိုင်တော့သည်။

သူတို့နှစ်ဦးကြား ခေါင်းပြောင်ပြောင်နဲ့ လူကြီးတစ်ယောက် ဝင်ရပ်လိုက်လေသည်။ သူက ရီချန်းလျန် ခေါင်းပေါ်သို့ လက်တစ်ဖက်တင်၍ တားလိုက်လေသည်။

"အဆင့်၃ လူကများ သူ့လိုအဆင့်၅ကို တိုက်ရိုက်ဝင်တိုးဖို့ ကြိုးစားနေတယ်။ မင်းဒီနှစ်တွေ ကျောင်းမှာ ဘာသင်နေတာလဲ"
ထိုလူကြီးက ဒေါသတကြီးအော်လေသည်။ သူက ဖေးမြန့်မုန်ဘက်လှည့်၍
"မင်းရော ကျောင်းသားအချင်းချင်း ဘာလို့ဒီလောက် ရက်စက်ရတာလဲ"

ဖေးမြန့်မုန် အနက်ရောင်မီးတောက်ကို ပြန်သိမ်း၍
"ကျွန်မလုပ်တာက ဒီမှာရပ်နေရုံပဲ။ သူ့ဘာသာ အရူးလို သေလမ်းရှာပြီး ပြေးဝင်လာတာ ကျွန်မက ဘာလုပ်နိုင်မှာလဲ" ထိုသို့ပြောလိုက်ပြီး ကျောင်းသားအများစုကြောက်လန့်ရသော ထိုဆရာကို ကျောပေးကာ ထွက်သွားလေသည်။

သူမအစွမ်းကို မျက်မြင်တွေ့လိုက်ရသော လူအုပ်က အလိုလို လမ်းဖယ်ပေးလေသည်။

သူတို့နည်းတူ ဇူအန်လည်း အံ့သြနေသည်ပင်။

မနေ့ညက သူ့ဒြပ်စင်ကို မသုံးလိုက်တာ ကံကောင်းတာပဲ။ မဟုတ်ရင် ငါလည်း အဲ့ဓားတွေလို အရည်ပျော်သွားလောက်တယ်။ ကြည်နူးခြင်းဘောက ဘယ်လောက်အင်အားကြီးကြီး ပြာကျသွားရင် ကယ်နိုင်မှာမဟုတ်လောက်ဘူး။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now