87

320 47 1
                                    

Chapter 87. လုပ်ပိုင်ခွင့်

"သူက မင်းကျောင်းသားဆိုတော့ရော ဘာဖြစ်လဲ။ ဒီကျောင်းသားအကုန်လုံးက အကယ်ဒမီစည်းကမ်းကို လိုက်နာရမှာပဲ" ပိုင်စုစု လက်ဟန်ကိုကြည့်၍ လုဒီ မျက်ခုံးလှုတ်လာသည်။ သူက တွင်းတစ်ခုတူး၍ ပိုင်စုစုကို မြေမြှုတ်ချစ်စိတ် ပေါ်လာသည်။
"ဇူအန်က လောင်းကစားလုပ်တာနဲ့ လူကြားထဲ ဆရာကိုပြန်ပြောတဲ့ အပြစ်နှစ်ခုတောင် လုပ်ပြီးပြီ။ ဘယ်အပြစ်မဆို သူ့ကို ကျောင်းကထုတ်ဖို့ လုံလောက်နေပြီ"

အမှန်တိုင်းပြောရရင် ဇူအန်လုံးဝ စိတ်မပူချေ။ အခု သူ့မှာ အကယ်ဒမီတွင် နောက်ခံကောင်းကောင်းရှိနေလေပြီ။ သို့သော် ပိုင်စုစု ရှေ့တက်၍ ကူညီမှဖြင့် သူက ထိုင်ခုံမှာထိုင်၍ ပွဲကြည့်ရန် အလိုရှိလေသည်။

ပိုင်စုစု ခေါင်းယမ်းလိုက်သည်။
"ကိုကြီးလု ကြည့်ရတာ အထင်လွဲနေပုံပဲ။ ဇူအန် လောင်းကစားလုပ်တာမှန်ပေမဲ့ အဲ့တာက အကယ်ဒမီပြင်ပမှာလေ။ ကျုပ်သိသလောက်ကတော့ ကျောင်းစည်းကမ်း ကျောင်းပရဝုဏ်အတွင်းပဲ အကျိုးသက်ရောက်တာ။ ဆရာကိုပြန်ပြောတဲ့ ကိစ္စကတော့ ကျုပ်သူများတွေဆီက ကြားပြီးပြီ။ ရန်ဝေ့က လောင်းကြေးစပြီး ဇူအန်က လက်ခံဖို့ ဖိအားပေးခံရတာလေ"

"ခင်ဗျားသူ့ကို အပြစ်ပေးမယ်ဆိုရင် တစ်ခြားလူတွေက ကျုပ်တို့အကယ်ဒမီကို လောင်းကြေးရှုံးတာတောင် ကျောင်းသားတစ်ယောက်ကို ပစ်မှတ်ထားတဲ့ဆရာဘက်လိုက်တယ်လို့ ထင်သွားမှာပေါ့။ ဒါက တကယ့်မကောင်းသတင်းပဲနော်။ လပြည့်မြို့ကိုကျော်ပြီး တစ်တိုင်းပြည်လုံးပြန့်သွားနိုင်တယ်။ အဲ့ဒီအခါကျ လူတွေက ကျုပ်တို့အကယ်ဒမီက ဆရာတွေကို အရှုံးလက်မခံနိုင်တဲ့ ငကြောက်တွေလို့ ထင်သွားမှာပေါ့"

ပိုင်စုစု သူ့ကိုခေါ်လိုက်သော ရင်းနှီးသည့်အခေါ်အဝေါ်က လုဒီကို ကျောချမ်းစေသည်။

မျှမျှတတပြောရလျှင် ပိုင်စုစုစကားက အဓိပ္ပာယ်ရှိသည်ပင်။ သို့သော် ထိုစကားကို သူ့ရန်သူတော်ကပြောသောအချက်ကပင် လုဒီကို လျစ်လျှူရှုစေနိုင်သည်။ ပိုင်စုစုလည်း ဇူအန်နှင့် ဘာအချုပ်အနှောင်မှမရှိဘဲ လုဒီကို စိတ်တိုစေရန် သက်သက်ဝင်ဆွပေးခြင်းဖြစ်လေသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now