191

321 55 0
                                    

Chapter 191: ရွေးချယ်မှု

“ကျုပ် ဘယ်လိုလုပ်ရမလဲ။ ခင်ဗျား စကားတွေကို တစ်ခါတည်းဆုံးအောင် ပြောလို့မရဘူးလား” မိန်လိ၏ တစ်ဝက်တစ်ပျက် စကားပြောပုံကြောင့် ဇူအန် ဒေါသထွက်သွားသည်။ သူမပုံစံသည် သူ့ကို ထိန်းချုပ်ဖို့ ကြိုးစားနေသည့်ပမာပင်။

ချူချူယန်လည်း မျှော်လင့်ချက်အပြည့်ဖြင့် မိန်လိကို ကြည့်လိုက်သည်။ ပြောစရာမလိုအောင် သူမ၏ လှုပ်ရှားသွားလာနိုင်စွမ်း တစ်ခုတည်း ပြန်ကောင်းလာမှာထက် သူမ၏ ကျင့်ကြံခြင်းအပြည့်အစုံကို ပြန်ကောင်းလာစေချင်သည်။

မျက်လုံး တဖိတ်ဖိတ်နှင့် မိန်လိက မေးလိုက်သည်။ “ဒဏ္ဍာရီလာအကြည်ရောင်အဆင့်ဆိုတာ မင်းတို့ ကြားဖူးလား”

“ဒဏ္ဍာရီလာ အကြည်ရောင်အဆင့်” ချူချူယန် နှင့် ရှောင်းရွှယ်ယင် တို့ အကြည့်ချင်းဖလှယ်ကြသည်။ တစ်ယောက်မျက်လုံး၌ မယုံသင်္ကာဖြစ်မှုများကို တစ်ယောက်က မြင်နိုင်ကြသည်။

ရှောင်းရွှယ်ယင် တခဏလောက် တုံ့ဆိုင်းစဉ်းစားနေပြီးမှ ပြောလိုက်သည်။ “ကျွန်မသိထားပုံအရဆို အကြည်ရောင်အဆင့်က ဒဏ္ဍာရီဝင်ပုံပြင်သက်သက်ပဲ။ တကယ်တော့ အဲ့ဒါရဲ့တည်ရှိမှုကို လူအများကြီးက သံသယဝင်ကြတယ်။ ဘာလို့ဆို ဒီကမ္ဘာပေါ်က အတော်ဆုံးကျင့်ကြံသူတွေတောင် အမြင့်စား ကျာ(A+) အဆင့်ပဲ ရှိကြတာလေ။ အဲ့လိုလူတွေတောင် ဆယ်ယောက်လောက်ပဲ ရှိကြတာ။ အဲ့လိုအခြေအနေနဲ့ သာလွန်ထူးကဲတဲ့ အရည်အသွေးပိုင်ရှင်က ဘယ်လိုလုပ်တကယ်ရှိနိုင်မလဲ”

ချူချူယန် နှင့် ရှောင်းရွှယ်ယင် တို့နှစ်ယောက်လုံးသည် ကိုယ်စီ အလွန်ပါရမီရှိသူများ ဖြစ်ကြသည်။ သို့သော် သူတို့နှစ်ယောက်လုံး အနိမ့်စားကျာအဆင့်(A-) သာ ရှိကြသည်။ ပို၍ မြင့်သော အဆင့်တစ်ခုစီတိုင်း၌ ကြီးမားသော ကွာဟမှုတစ်ခုစီ ရှိကြသည်။ ဥပမာအနေဖြင့် အမြင့်စားကျာ စွမ်းရည် ကျင့်ကြံသူများသည် သူတို့လက်လှမ်းမမှီနိုင်သူများဖြစ်ကြသည်။ အကြည်ရောင်အဆင့် ရှိသူများကိုဆို ပြောနေစရာပင် မလိုတော့ချေ။

“အဲ့ဒါ တကယ်ရှိမရှိကို မင်းတို့ သံသယဝင်နေစရာ မလိုဘူး” မိန်လိက ပြောလိုက်သည်။ သူမ ဇူအန်ကို လက်ညိုးထိုးပြီး ဆက်ပြောလိုက်သည်။ “ဘာလို့ဆို သူက အဲ့လိုလူတွေထဲက တစ်ယောက်ဖြစ်လို့ပဲ”

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now