193

321 48 0
                                    

Chapter 193: ဖော်ထုတ်ခြင်း

"သရဲလို့တော့ ထင်တယ်။ လူတစ်ယောက်ဆိုရင်တော့ အဲ့ဒီလောက် အချိန်အကြာကြီး အသက်ရှင်နိုင်မှာမဟုတ်ဘူး" တခဏတွေးတောလိုက်ကာ ဇူအန် ပြန်ဖြေလိုက်သည်။

"အဲ့လိုလား" ချူချူယန် ပြောလိုက်သည်။ သူမ၏ လက်သည်းဖြင့် သူ၏ နှလုံးကို ထိုးဖောက်ရန် ပြင်လိုက်သည်။

"ဒါပေမယ့် သူက အတော်လေး သနားစရာကောင်းတဲ့ သူတစ်ယောက်လို့လည်း ထင်တယ်။ သူ့မှာ စကားပြောဖော်တောင်မရှိဘဲနဲ့ အဲ့ဒီ ခေါင်ခိုက်နေတဲ့ မြေအောက်နန်းတော်ထဲမှာ နှစ်တွေအကြာကြီး တစ်ကိုယ်တည်း ချိတ်ပိတ်ခံထားရတာ လေ" ရုတ်တရက် ဇူအန် ထပ်ဖြည့်လိုက်သည်။

"သနားစရာကောင်းတယ် ဟုတ်လား" ချူချူယန် လှုပ်ရှားမှု ရပ်တန့်သွားသည်။

"ဟုတ်တယ် အသည်းရယ်။ အဲ့ဒီ ယင်ကျန်း က သူ့ကို ဆက်ဆံသလို ငါ မင်းကို ဘယ်တော့မှ အဲ့ဒီလို မဆက်ဆံဘူးလို့ ကတိပေးတယ်" ဇူအန် ကတိပေးလိုက်သည်။

"ကတိတွေက ဘာအသုံးဝင်လို့လဲ။ ငါတို့ရဲ့ စိတ်ဝင်စားမှုတွေ အဆုံးသတ်သွားတဲ့တစ်နေ့ကျရင် ငါ့ကို သေချာပေါက် ကျောခိုင်းသွားမှာပဲ" ချူချူယန် ပြက်ရယ်ပြုလိုက်သည်။

ချူချူယန်၏ စကားပြောဟန်မှာ တစ်ခုခုမှားယွင်းနေကြောင်း ဇူအန် သတိပြုမိလိုက်သည်။ သူသည် ချူချူယန် အရေခြုံထားသော တစ်ခြားမိန်းမတစ်ယောက်နှင့် စကားပြောနေရသည်ဟု ခံစားနေရသည်။ သို့သော်လည်း ထိုအတွေးမှာ သူ၏စိတ်ထဲမှ အလျှင်အမြန် ပျောက်ကွယ်သွားသည်။ သူမ ကြုံတွေ့ခဲ့ရသော ကိစ္စများပြီးနောက်တွင် ချူချူယန် ကွဲပြားစွာ ပြုမူနိုင်သည်မှာ ပုံမှန်ကိစ္စတစ်ခုသာဖြစ်သည်ဟု တွေးလိုက်သည်။

သူ့ကိုယ်သူ အပြစ်တင်လိုက်သည်။
သူမနဲ့ အတူရှိနေတာတောင် တစ်ခြားမိန်းမတစ်ယောက်ကို ဘာဖြစ်လို့ တွေးနေရသေးတာလဲ။ အဲ့ဒါ အရမ်းလောဘကြီးလွန်းတယ်။
"စိတ်မပူပါနဲ့။ ငါက အဲ့ဒီလို လူစားမျိုးမဟုတ်ပါဘူး"

သူမ၏ အပျိုစင်ဘ၀ကို ဆုံးရှုံးခဲ့ရပြီးနောက် ချူချူယန် စိတ်မလုံမခြုံခံစားနေရသည်ဟု ဇူအန် တွေးထင်လိုက်သည်။ ထို့ကြောင့် သူမကို နှစ်သိမ့်ရန် ရွေးချယ်လိုက်သည်။
"ပြီးတော့ ဘယ်လိုလုပ် ငါတို့ရဲ့ စိတ်ဝင်စားမှုတွေ ပြယ်ပျက်သွားနိုင်မှာလဲ။ ငါတို့က စုံတွဲပဲလေ။ ငါ့ရဲ့အရာအားလုံးက မင်းပိုင်တာတွေပဲပေါ့။ ငါတို့ကြားမှာ ဘယ်အရာကမှ အရေးမပါပါဘူး"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now