61

327 53 0
                                    

Chapter 61. ငါ မနာလိုဘူး

ဇူအန် လက်ကာ၍ လူအုပ်ကိုပြောလိုက်သည်။
"မင်းတို့အားလုံး ငါဘယ်လောက် မတိုက်ချင်လဲ ခုဏက မြင်ကြမယ်ဆိုတာ သေချာတယ်။ ဒါပေမဲ့ သူက တစ်ယောက်ချင်းတိုက်မယ်လို့ ခေါင်းမာနေတော့ ငါလည်း မတတ်သာလို့ လိုက်လျောလိုက်ရတာ။ ဒီလူက အပြောပဲရှိပြီး အားဒီလောက်ပျော့လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ"

လောင်းကစားသမားများက ဇူအန်ကို ရှုပ်ထွေးသောမျက်လုံးများဖြင့် ကြည့်လေသည်။

မင်းက ဒီလောက်အပြောကောင်းတာ မင်းနဲ့ယှဉ်ပြီး ဘယ်သူက ပြိုင်ငြင်းနိုင်မှာလဲ..။

အစကတော့ ဒီဆန်ကုန်မြေလေးက ချူအိမ်သခင်မလေးကို ဘယ်လိုရသွားမှန်း နားမလည်ပေ။

သူတို့ဘယ်လောက်ရှာရှာ ဒီကောင့်ထက် နိမ့်ကျသောအချက် သူတို့ကိုယ်တွင် ရှာမတွေ့ချေ။ သူတို့က ရိုးရိုးသားသားပင် သူတို့ကို ရွေးသင့်ကြောင်း တွေးမိလေသည်။

သို့သော် အခုတော့ ဇူအန်တွင် သူတို့အားလုံးထက် သာလွန်သောအချက်ကိုတွေ့လေပြီ။ ဇူအန်၏ မျက်နှာ အထူပင်ဖြစ်၏။

ပွဲကြည့်သူများ ဒေါသထွက်လာသည်ကို ကြည့်၍ ဇူအန် သူတို့ကို ဆွပြီး အမျက်ပွိုင့်ရှာရန် တွေးမိလိုက်သည်။ သို့သော် နှေးကွေးတည်ငြိမ်ခြင်းက အကောင်းဆုံးဟု ဇူအန် ဆုံးဖြတ်လိုက်သည်။

ဤလူများကို ချက်ချင်းဆုတ်ယူရန် မလိုပေ။ သူက မက်မွန်ပွင့် ၇ ကို ခေါ်လိုက်ပြီး
"ငါဒီနေ့ ကံကောင်းမယ်လို့ အာရုံရနေတယ်။ လာ လာ စလိုက်ရအောင်"

"ဒါပေါ့ ဇူသခင်လေး ဒီဘက်ကိုကြွပါ" မက်မွန်ပွင့် ၇ စိတ်ထဲတွင် ပန်းများပွင့်သွားသည်။

၁၃ လုပ်ရပ်ကြောင့် အစီအစဉ်ပျက်သွားမလား စိုးရိမ်နေတာ။ဒါပေမဲ့ ဒီငနဲက ငရဲဂိတ်ကိုဖြတ်ဖို့ စိတ်အားသန်နေတုန်းပဲ။ သူက ဒီလောက်ထိဖြစ်နေမှာတော့ သူ့ဆီက ငွေစ တစ်သိန်းမှ အနည်းဆုံးမယူနိုင်ရင် သူ့ကို စိတ်ပျက်အောင်လုပ်သလို ဖြစ်လိမ့်မယ်။

သူစိတ်ပူသည့် တစ်ခုတည်းသော အရာမှာ ချူမိန်းကလေး၏ စွက်ဖက်မှုပင်။ သူ့ကို တစ်နေရာခေါ်သွားရမည်။ မဟုတ်လျှင် သူ့ယောက်ျား အကြွေးအများကြီးတင်မှာကို ငြိမ်ကြည့်နေမည် မဟုတ်ပေ။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now