141

290 45 1
                                    

Chapter 141: စိတ်ဓာတ်ကျခြင်း

ထိုသို့ ပြေးလွှားရင်း ချောင်တစ်ချောင်တွင် ပိတ်မိသောအခါ ဇူအန်တွင် ရွေးစရာမရှိဘဲ ဓားဆွဲထုတ်ကာ ရိုက်ချက်ကို ရင်ဆိုင်လိုက်သည်။ တုံးသော လက်နက်များနှင့် ထိတ်တိုက်တွေ့ရန် ဓားများကို ပြုလုပ်ထားခြင်း မဟုတ်ပေ။ ထို့အပြင် တိုက်ခိုက်လိုက်သော ဖုတ်ကောင်၏ လက်နက်တွင် အမဲရောင်အဖုအထစ်များဖြင့် ပြည့်နေသည်။ ထို့ကြောင့် အခြေခံဓားသိုင်း၏ “လှန်” အကွက်ကို သုံးရန် ရွေးချယ်လိုက်သည်။ တိုက်ခိုက်မှုကို ဘေးသို့ အားလွှဲလိုက်ပေးခြင်းဖြစ်သည်။

သို့သော်လည်း သူ၏လက်မောင်းကို ထုံကျဉ်စေသော အားပြင်းသော သက်ရောက်မှုတစ်ခုကို ခံစားလိုက်ရဆဲ ဖြစ်သည်။ ဖုတ်ကောင်၏ ခွန်အားသည် သူနှင့် ယှဉ်နိုင်နေသည်။ ထို့အပြင် လက်နက်တွင်လည်း အားသာနေသည်။ အချိန်တစ်ခုအထိ ခုခံပြီးနောက် ဇူအန် တော်တော်သောက်ကျိုးနည်းလာလေပြီ။

ထိုဖုတ်ကောင်ထံမှ တိုက်ခိုက်မှုတစ်ချို့ကို ရှောင်တိမ်းရန်အတွက် မြေပြင်ပေါ်သို့ လိမ့်ချလိုက်ရသည်။ ပြန်လှည့်ကြည့်လိုက်သောအခါ မြေပြင်ပေါ်တွင် အပေါက်များဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။ ထိုဖုတ်ကောင် ကိုင်ဆောင်ထားသော လက်နက် အမျိုးအစား ကို နောက်ကျမှ သတိထားမိလိုက်သည်။
အမှန်တွင် ၎င်းသည် ပေါက်တူးတစ်လက်ဖြစ်သည်။

ယခုအခါမှ သူ တွေးမိလိုက်သည်။ လမ်းတစ်လျှောက် ကြုံတွေ့ခဲ့ရသော ဖုတ်ကောင် အများစုသည် သစ်သားတုတ်များ၊ ထမ်းပိုးများ၊ ဓားမကြီးများ၊ ပုဆိန်များ နှင့် ထိုကဲ့သို့သော လက်နက်အမျိုးအစားများ ကိုင်ဆောင်ထားကြသည်။ အနည်းအကျဉ်းသာ ဓားများ၊ လှံများ နှင့် လက်နက်ပုံစံ ကျသော အရာများကို ကိုင်ကြသည်။
အဘယ်ကြောင့် သူတို့မှာ ဒုက္ခသည်များနှင့် တူနေရသနည်း။

ထိုသူတို့ ဝတ်ထားသော အဝတ်များ ပြဲဆုပ်နေသည်မှာ မြေအောက်တွင် အချိန်ကြာကြာနေခဲ့ရခြင်းကြောင့် ဖြစ်မည်ဟု ထင်ခဲ့မိသည်။ သို့သော် ယခုအခါတွင် အစကတည်းမှ သူတို့၏ အဝတ်အစားများ စုတ်ပြဲနေသလောဟု တွေးမိနေသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Où les histoires vivent. Découvrez maintenant