160

311 50 0
                                    

Chapter 160: ပိုးကြေးပန်းကြေး

ကြောက်ရွံ့တုန်လှုပ်သော အမူအရာဖြင့် ရှီခွန်း ဇူအန်ကို အသည်းအသန် အော်ဟစ်နေသည်။

မည်သို့ပင်ဆိုစေ ဇူအန်သည် ရှီခွန်း စကားကို နားထောင်ဖို့ လုံးဝမဖြစ်နိုင်ချေ။ သူ့ရင်ခွင်ထဲ ချူချူယန်ကို ဖက်ထားရင်း ရှီခွန်း ရှိနေသည့်နေရာဘက်သို့ တန်းနေအောင်ပြေးလာသည်။

သူ့နောက်မှ လိုက်လာသည့် လှံသမားဖုတ်ကောင်များကို ကြည့်ပြီး ရှီခွန်း သူ့စိတ်ထဲ တစ်ခုခုပေါက်ကွဲသွားသည့်ပမာ ခံစားလိုက်ရသည်။ သူ့ဘဝတစ်လျှောက်လုံး၌ လူတစ်ယောက်ကို အခုချိန် စက်ဆုပ်မုန်းတီးသလိုမျိုး အရင်တုန်းက မမုန်းခဲ့ဖူးပါ။

သူ့ခံစားချက်ထဲ နစ်မြုပ်နေရန် လက်ရှိအခြေအနေက သူ့ကို တစ်ခါလေးမျှ ရပ်နားခွင့်မပေးပါ။ လှံသမားဖုတ်ကောင်များကို ခုခံတိမ်းရှောင်ပြီး ထွက်ပြေးရန် သူ့၌ ရှိသမျှနည်းလမ်းအားလုံးကို အလျှင်အမြန် အသုံးပြုလိုက်သည်။ မဟုတ်လျှင် မကြာခင်အတွင်း သူ နင်းခြေခံရလိမ့်မည်။

“သခင်လေး သတိထားပါ”

ရှောင်းရွှယ်ယင် သည် ရှီခွန်းဘက်သို့ ချီတက်ပြေးလာနေသော လှံသမားဖုတ်ကောင်အချို့ကို တားဆီးရန် သူ့ဘက်သို့ သူမနွယ်ပင်အချို့ကို စေလွှတ်လိုက်သည်။ သစ်သားစွမ်းရည်သည် မသေနိုင်သူများပေါ်သို့ ပိုပြီး အသုံးဝင်ပုံပေါ်သည်။ ၎င်း၏ ချုပ်နှောင်မှုစွမ်းရည်ကြောင့်ဖြစ်နိုင်၏။

ရှီခွန်း၏ ဓားမုန်တိုင်းသည် အင်အားကြီးလွန်းသော်ငြားလည်း သူ့အတွက် လှံသမားဖုတ်ကောင် ခန္ဓာကိုယ်များမှ သွေး သို့မဟုတ် အသွေးအသားများ လှီးဖြတ်စရာမရှိပါ။ ယင်းဖုတ်ကောင်များက ဒိုင်းကာများ ကိုင်ထားနေသည့်အချက်ကို ထည့်ပြောစရာပင်မလိုတော့ချေ။ ရလဒ်အနေဖြင့် သူ့ကိုယ်သူ ကူကယ်ရာမဲ့သော အခြေအနေသို့ ရောက်သွားကြောင်း တွေ့ရှိလိုက်သည်။

ငါတောင် သူတို့ကို ရင်ဆိုင်တိုက်ခိုက်ဖို့ ဒီလောက်ကြိုးစားရုန်းကန်နေတယ်ဆိုရင် ဇူအန် အားနည်းပုံနဲ့  အခုလောက်ဆို သူ သေသွားလောက်ပြီ ဟုတ်တယ်မလား။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now