178

297 43 0
                                    

Chapter 178: တန်ဖိုးရှိတဲ့ဆေး

ကစားသည့်အတွက် ကျေးဇူးတင်ပါသည်..ကစားသည့်အတွက် ကျေးဇူးတင်ပါသည်..ကီသီး..

ဇူအန် သာမန်အချိန်ဆို ကျေးဇူးတင်ပါသည် ရလျှင် စိတ်ဓာတ်ကျလေ့ရှိသည်။ အခုတော့ အော်ဟစ်ငြူစူရန်ပင် အားမရှိချေ။ ရနိုင်သည့်ပစ္စည်းကိုသာ စောင့်မျှော်၍ ဆက်ကစားနေသည်။
သို့သော် မျက်နှာထား ပို၍ ဆိုးလာသည်။ ကိုကြီးနွေဦးရော တစ်ခြားမှော်ပစ္စည်းများရော မရပေ။ ကီသီးချည်း ၄၉လုံး ရလေသည်။ သို့သော် ကီသီးက သူလိုအပ်သောအရာမဟုတ်ပေ။

နှစ်ကြိမ်သာ ကျန်တော့သည်။

"ချီးပဲ ငါအဲ့လောက် ကံမဆိုးနိုင်ပါဘူး ဟုတ်တယ်မလား။ အိုး ကျေးဇူးပြု၍ ကျောက်စိမ်းဧကရာဇ်, ဂေါတမဗုဒ္ဓ ရှိရှိသမျှ ဘုရားများ နွေဦးကိုကြီးရအောင် မစကြပါ " ဇူအန် ဆုတောင်းလိုက်သည်။

သို့သော် ပထမတစ်ကြိမ်က ကျေးဇူးတင်ပါသည်ပဲ ကျလေသည်။ အခု နောက်ဆုံးအကြိမ်သာ ကျန်တော့သည်။ မျက်နှာတွင် ရှုပ်ထွေးသောအမူအရာတစ်ခုပေါ်လာပြီး
"အထက်နတ်ဘုရားများ ကျုပ်ကီု မစကြပါ။ ဒီတစ်ခါ နွေဦးကိုကြီး ရလိုက်ရင် နောက်တစ်ကြိမ် ဘာကောင်းတာမှမရလည်း ကျေနပ်ပါ့မယ်"

ဇူအန် ခလုတ်နှိပ်ရန်ပြင်လိုက်ပြီးမှ စိတ်ပူလာသည်။
"ထားလိုက်ပါတော့ သုံးကြိမ်ထည့်လိုက်မယ်။ ဒီတစ်ခါ နွေဦးကိုကြီး ရရင် နောက်သုံးကြိမ် ဘာမှော်ပစ္စည်းမှမရလည်း ရပါတယ်"

အခုလို ဂတိပေးတာတောင် အရှုံးကြီး ရှုံးနေသလို ခံစားလိုက်ရသည်။ သို့သော် သူ့ကိုကယ်ရန် ရှောင်းရွှယ်ယင် သက်တမ်းတစ်ဝက်ပေးထားပြီး သေလုနီးပါးဖြစ်နေသည်ကို ပြန်သတိရလိုက်၍ အနည်းဆုံး လုပ်ပေးသင့်သည်ဟု ထင်လေသည်။

တစ်ခါမှ ထီကံစမ်းရန် ဒီလောက်စိတ်မလေးဖူးပေ။

တုန်ရီနေသောလက်က ခလုတ်ပေါ်နှိပ်၍ အမှတ်အသားရွေ့လျားနေသည်ကိုကြည့်ရင်း နောက်ဆုံး 1 ခလုတ်ပေါ် ကျသွားရာ မျက်ရည်ပင် ကျလုနီးပါးဖြစ်သွားသည်။
"အို မိုးနတ်မင်း ကြည့်ရတာ ကျုပ်ကို ချစ်သေးတဲ့ပုံပဲ"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now