96

301 45 0
                                    

Chapter 96. ရှီသခင်လေး

လောင်မိုင် ထိုစကားများကို အရေးမလုပ်ပေ။
လပြည့်မြို့ရဲ့ နာမည်ကြီး ဆန်ကုန်မြေလေးက ပါရမီပါတယ် ဟုတ်လား။ အဲ့တာက ဖြစ်နိုင်လို့လား။ မဟုတ်ရင် ဒီနှစ်တွေမှာ လူတွေကပဲ ကန်းနေကြလို့လား။

သူက အကြောင်းပြချက်တစ်ခုသာ စဉ်းစားနိုင်သည်။
"မင်းခန္ဓာကိုယ်က ဒီလိုလှုပ်ရှားမှုမျိုးနဲ့ ကိုက်ညီလို့နေမှာပေါ့။ မြန်မြန်ရင်းနှီးအောင်လုပ်။ ယွမ်ဝမ်ဒုံ လက်ထဲက အသက်ရှင်အောင်တော့ မင်းကို ကာကွယ်ပေးနိုင်မှာပါ။ ပြီးတော့ ဒီသိုင်းကို ဘယ်သူ့ကိုမှ မပြောမိစေနဲ့ ။ နေကြာပန်းလှိုင်းလို့လည်း ဘယ်သူမှ မသိစေနဲ့။ အဲ့တာက မင်းကို ဒုက္ခရောက်စေလိမ့်မယ်"

ဇူအန် အမြန်ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့ နားလည်ပါတယ်"

လောင်မိုင်ကလည်း ခပ်အေးအေးနေတဲ့လူစားဖြစ်ရမယ်။ အဲ့တာမှ မဟုတ်ရင် ချူအိမ်ရဲ့ ဥယာဉ်မှူးအဖြစ် နိမ့်နိမ့်ကျကျနေမှာ မဟုတ်ဘူး။

ဇူအန်အာမခံချက်ကိုကြားပြီး လောင်မိုင် ထွက်သွားလေသည်။ ဇူအန် နေကြာပန်းလှိုင်းကို ဆက်လေ့ကျင့်နေပြီး အတွေးတစ်ခု ရုတ်တရက်ပေါ်လာသည်။
ဒီလှုပ်ရှားမှုသိုင်းက အတော်လေးမြန်ပြီး ခြေလှမ်းတွေက မှန်းမရဘူး။ ခုခံဖို့တင် သုံးရင် နှမြောစရာကြီး။ တိုက်ခိုက်တဲ့နေရာမှာ အသုံးချလိုက်ရင်ရော....

ပိုင်စုစု၏ အခြေခံဓားပညာက ရန်သူကို အကွာအဝေးတိုတိုအတွင်း အများဆုံး ထိခိုက်အောင် အမြန်ဆုံး တိုက်ခိုက်နိုင်ပေသည်။ ဒီဓားပညာက သိုင်းပညာရှင်တစ်ယောက်ရှေ့တွင် ဟာကွက်များစွာရှိသော်လည်း အရှိန်မြန်မြန်သုံးနိုင်လျှင် ဟာကွက်များကို ကာကွယ်၍ ရလေသည်။

တွေးလိုက်လျှင်ပင် ဇူအန် နှလုံးခုန်မြန်လာသည်။ သူက အခြေခံဓားပညာ ၁၃ချက်နှင့် နေကြာပန်းလှိုင်းကို တစ်ချိန်တည်း လေ့ကျင့်လိုက်သည်။ ယခင်က အခြေခံဓားပညာက တဲ့တိုး၍ ရိုးရှင်းပုံပေါ်သည်။သို့သော် နေကြာပန်းလှိုင်းနှင့် ပူးပေါင်းလိုက်သော အချိန်တွင် မမျှော်လင့်သော အနေအထားများဖြင့် အလင်းရောင်များ တောက်ပလာရသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora