148

295 47 0
                                    

Chapter 148: လရိပ်ရောင်ပြန်

ဇူအန် အရင်ဘဝက သူဌေးများနှင့်ပေါင်းပြီး အရင်းနည်းနည်းဖြင့် သန်းချီချမ်းသာသွားသော ဂျက်မတို့ အန်ကယ်ဝမ်တို့ကို သတိရလိုက်မိသည်။

ဟမ့် ငါလည်း ဒါနဲ့ အဲ့လို လုပ်လို့ရမှာပဲ ဟုတ်တယ်မလား။ ငါလူကြားထဲသွားပြီး အမျက်ပွိုင့်အများကြီးရအောင်လဲ လုပ်ချင်လုပ်နိုင်မှာ။
ဟုတ်တယ် ဒီအကြံ မဆိုးဘူး တစ်ခါလောက် လုပ်ကြည့်သင့်တယ်။

ထိုနည်းလမ်းကို သေချာစစ်ကြည့်သော် အကန့်အသတ်မရှိသော်လည်း အားနည်းချက်အကြီးစားတစ်ခု ရှိနေသည်။ ပိုက်ဆံပင်။

သို့သော် ကွာခြားချက်တစ်ခုကို သတိထားလိုက်မိသည်။ သန်းတစ်ရာက ကြေးပြားပင်။ ငွေစဖြင့်တွက်လျှင် ငွေစတစ်သိန်း ဖြစ်လေသည်။
ဟမ်..ဒါက သိပ်လည်း မများသလိုပါပဲ။

လက်ရှိ ဇူအန်လက်ထဲတွင် ငွေစ ၆သိန်းခွဲရှိပြီး ပင်လယ်လေးခုလောင်းကစားဝိုင်းက သူ့ကို ငွေစ ၅သိန်း အကြွေးတင်နေသေးသည်။ စုစုပေါင်း ၆ကြိမ် သုံးနိုင်သည်။

တစ်ခြားလူများသာ သူ့အတွေးကိုကြားနိုင်လျှင် ထဆဲပေလိမ့်မည်။ ငွေစတစ်သိန်းက အလွန်များသော ပမာဏဖြစ်သည်။ အတော်အတန်ချမ်းသာသော ကုန်သည်အိမ်တော်ပင် ငွေစ တစ်သိန်းကို တစ်ချီတည်း ထုတ်ပေးရန် ခက်ခဲလေသည်။

လက်ရှိ ဇူအန် ပြဿနာအခြားတစ်ခုကို စဉ်းစားနေသည်။ ငွေသုံးပြီးလျှင် ရလာမည့် အကျိုးပင်။ ပစ္စည်းရဲ့ အသုံးဝင်ပုံက မရေမရာ ဖြစ်လွန်းသည်။ မိတ်ဆွေဖွဲ့ခြင်းတွင် မိတ်ဆွေများစွာ ရှိသေးသည်။ အေးအတူပူအမျှ အတူရင်ဆိုင်မည့် မိတ်ဆွေမျိုးနှင့် အရေးကြုံလျှင် ပစ်သွားနိုင်သော မိတ်ဆွေမျိုးပင်။ ထိုနည်းလမ်းက မည်မျှအထိ အသုံးဝင်မှန်း မသိနိုင်ချေ။

ဥပမာ ဒီဟာကို ကျန်းလော့ဖူ အပေါ်သုံးလိုက်ရင် ငါတို့က ဘာညာဘာညာ မိတ်ဆွေတွေ ဖြစ်လာနိုင်လား။ တစ်နာရီခံတယ်ဆိုတော့ မဆိုးဘူးလေ။
သို့သော် သူ့ကိုယ်မှ စည်းကိုပြန်သတိရလိုက်ပြီး စိတ်လေသွားသည်။

ငါ့ရဲ့ အဓိက တာဝန်က မှေးမှိန်ကြာပွင့် ကိုရှာဖို့ ဖြစ်သင့်တာ။ တစ်ခြား ပေါက်ကရအတွေးတွေ ဝေးဝေးသွားစမ်းကွာ။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Waar verhalen tot leven komen. Ontdek het nu