79

310 53 0
                                    

Chapter 79. စေတနာ့ ဆရာ

သူတို့နှစ်ယောက်၏ စိတ်ပျက်သွားသော အမူအရာကြောင့် ချူဟွမ်ကျောက် ဝမ်းသာသွားသည်။
"သူ့ သတို့သားလောင်းက ရှင် မနေ့ကတွေ့ခဲ့တဲ့ ဆန်းရှန်ပဲ။ ဆန်းရှန်အဖေက ငါတို့ချူအိမ်ကို ပြဿနာရှာဖို့ ရောက်လာတာ။ ကျန်းအိမ်ကလည်း လပြည့်မြို့မှာ ချူအိမ်နဲ့ စီးပွားရေးအတိုက်အခံရှိတယ်။ ကျန်းတန် ရှင့်ကို ချဉ်းကပ်လာတာ အကြံတစ်ခုခုရှိရမယ်။ ရှင့်လို နှာဘူးတွေပဲ သူ့ရဲ့ပျားရည်ထောင်ချောက်ထဲ ကျမှာ"

ဆန်းရှန်ရဲ့ သတို့သမီးလောင်းလား...လောင်းကစားဝိုင်းမှ မောက်မာသော အရာရှိပေါက်စကို ပြန်မြင်ယောင်၍ ဇူအန် အတွေးနက်သွားသည်။

-----

ကျန်းအိမ်၏ ရထားလုံးက ချောင်တစ်နေရာတွင် ရပ်ထားသည်။ မြင်းထိန်းမျက်နှာပေါ်က ထိတ်လန့်မှုမှာ ရှာမရချေ။ သူ့မျက်နှာက တည်ငြိမ်အေးဆေးနေသည်။
"မမလေး အကြွေးစာချုပ်ရခဲ့လား"

ကျန်းတန်ခေါင်းယမ်းလိုက်သည်။
"သူ့ကိုယ်ပေါ်မှာ မရှိဘူး။ ကြည့်ရတာ ငါတို့ ပိုကြိုးစားရမယ့်ပုံပဲ"

ဇူအန် သူမကို ဖမ်းလိုက်တုန်းက သူ့အိပ်ကပ်များကိုနှိုက်၍ ရှာပြီးပြီ။ ကံဆိုးစွာ ဘာမှ ရှာမတွေ့ချေ။

"အဲ့ဒီဆန်ကုန်မြေလေးက ကျုပ်တို့မမလေး ခန္ဓာကိုယ်ကို သူ့ရဲ့ညစ်ပတ်တဲ့လက်နဲ့ ထိဖို့ တစ်ဘဝလုံးစာကံကောင်းမှုတွေ သုံးလိုက်တာဖြစ်ရမယ်" မြင်းထိန်းက မကျေမချမ်း တံတွေးထွေးလိုက်သည်။

ကျန်းတန် အသာပြုံးလိုက်သည်။
"ရတယ်။ ငါက အဝတ်လုံအောင်ဝတ်ထားတာပဲ။ သူလက်မသရမ်းရဲပါဘူး။ ကျွန်မလည်း မနစ်နာပါဘူး"

မြင်းထိန်းက စိတ်အေးသွားရသည်။
"မမလေး ကျုပ်က မမလေးငယ်ငယ်တည်းက ဘေးမှာရှိလာတာ။ မမလေး ဘယ်သူမှ အသားယူတာ မကြည့်ရက်ဘူး။ အသားယူတာပြောမှ အဲ့ဒီဆန်းမျိုးရိုးကောင်က တကယ်စိတ်ပျက်စရာပဲ။ ဘယ်ယောက်ျားက သတို့သမီးလောင်းကို တစ်ခြားယောက်ျားကို ပျားရည်ထောင်ချောက် လုပ်ခိုင်းမှာလဲ"

ကျန်းတန် ထိုကိစ္စကို အသာထားလိုက်သည်။
"ဦးလေးယွဲ့ စိတ်လျှော့။ ပထမဆုံး ဆန်းရှန်နဲ့ ကျွန်မရဲ့ စေ့စပ်ပွဲက နိုင်ငံရေးအရ အကျိုးအမြတ်အပေါ် မူတည်နေတာ။ အပေးအယူတစ်ချို့ ရှိမှာတော့ အမှန်ပဲ"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now