129

298 48 0
                                    

Chapter 129: စုံထောက်ကားများကောင်းကျိုး

“သေဆုံးမှုသဲလွန်စ ဟုတ်လား” ဇူအန် မျက်မှောင်ကြုတ်လိုက်သည်။

လက်ထောက်တရားသူကြီး ပန်ချွမ် က အကြောင်းအရာကို ထည့်ဖြည့်ပေးလိုက်သည်။ “ သေဆုံးသူ ရန်ဝေ့ က သူ မသေခင်မှာ ဇူ ဆိုတဲ့ စာလုံးတစ်လုံးကို ချရေးခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ရက်က အကယ်ဒမီမှာဖြစ်ခဲ့တဲ့ မင်းတို့ရဲ့ အချင်းများခြင်းတစ်ခု၊ ပြီးတော့ ဒီ လပြည့်မြို့တစ်ခုလုံးမှာ မျိုးရိုးနာမည် ဇူ ရှိတဲ့ တစ်ခြားသူလည်း မရှိတာက တစ်ကြောင်း ငါတို့မှာ ရွေးချယ်စရာမရှိတော့ဘူး။ သူ့ရဲ့ သေဆုံးမှုသဲလွန်စ က ညွှန်ပြနေတဲ့ သူက မင်း ပဲလို့ ငါတို့ ကောက်ချက်ချလိုက်ရတယ်”

ထို သေဆုံးမှုသဲလွန်စ အကြောင်းကြားရသောအခါ ချူကျုံးထန် စိတ်မငြိမ်နိုင်တော့ပေ။ သို့သော် ဇူအန် မှာ အမူအရာမပျက်ပေ။ ယခုကဲ့သို့သော အချိန်အခါမျိုးတွင် ပျာယာခတ်မနေသင့်ကြောင်း ဇူအန် သေချာနားလည်သည်။ “ငါက ချောက်ချခံရတာပါ” “ငါက အပြစ်ကင်းပါတယ်” ဆိုသော သံသယရှိသူက ငိုကြွေး အော်ဟစ်နေသည့် ဒရမ်မာ ရုပ်ရှင်အများအပြားကို ဇူအန် ကြည့်ခဲ့ဖူးသည်။ ထိုအပြုအမူသည် အချည်းအနှီး ပင်။

စကားမပြောခင် အရင်ဆုံး စဉ်းစားချိန်ယူလိုက်သည်။ “ လူသတ်မှု အနောက်မှာ လူသတ်ဖို့် ရည်ရွယ်ချက် ရှိသင့်တယ်။ ကျွန်တော့်မှာ ရန်ဝေ့ကို သတ်စရာ အကြောင်းအရင်းမရှိဘူး”

“အကြောင်းအရင်းမရှိဘူးဟုတ်လား။ နင်က အကယ်ဒမီမှာတုန်းက ရန်ဝေ့ နဲ့ ရန်ဖြစ်ခဲ့တယ်လေ။ ပြီးတော့ အဲ့ဒါကို သက်သေခံနိုင်တဲ့ လူတွေ ရာချီပြီးတော့ရှိတယ်။ နင့်ရဲ့ နှလုံးသားထဲမှာ အမုန်းတရားတွေ စုပုံနေတဲ့အတွက်ကြောင့် ငါ ခင်ပွန်းကို နင် လုပ်ကြံခဲ့တာမလား။ တွေးရင်း တွေးရင်း နဲ့ နင်က ပိုရွံစရာကောင်းလာတာပဲ” ရန်ဝေ့၏ ဇနီး က ဒေါသမျက်နှာဖြင့် ဇူအန်ကို အော်လိုက်သည်။

“အကယ်ဒမီမှာ ရန်ဝေ့နဲ့ ရန်ဖြစ်ခဲ့တာ ဟုတ်တယ်။ ဒါပေမယ့် အဲ့ဒါက အတွက်အချက်တွေ နဲ့ ပတ်သတ်ပြီးတော့ ငြင်းခုန်ခဲ့တာတစ်ခုပဲ။ လောင်းအစားကို ကျုပ်နိုင်ခဲ့တာကို ထည့်ပြောမနေတော့ဘူး။ ကျောင်းအုပ် ကျန်း တောင် သူ့ကိုအစားထိုးပြီးတော့ ကျုပ်ကို သင်္ချာဆရာအဖြစ် ခန့်လိုက်သေးတယ်။ တစ်နည်းပြောရရင် ရန်ဝေ့က လူကြားထဲမှာ အရှက်ကွဲပြီးတော့ အကယ်ဒမီကနေ အလုပ်ဖြုတ်ခံလိုက်ရတယ်။ ဒါက ကျုပ်အတွက် လုံဝ အနိုင်တစ်ခုပဲလေ။ အရှုံးသမားတစ်ယောက် အပေါ်ကို လှုပ်ရှားစရာ အကြောင်းအရင်းရှိနေဦးမလား။ ရန်ဝေ့ကတောင် ကျုပ်ရဲ့အသက်ကို ပြန်ခြိမ်းခြောက်ဖို့ ကြိုးစားတယ်ဆိုတာကမှ ဖြစ်နိုင်သေးတယ်” ဇူအန် ပြောလိုက်သည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Kde žijí příběhy. Začni objevovat