54

344 57 0
                                    

Chapter 54. မင်းကြိုက်သလောက်အော်လိုက် သူတို့ပြန်ဖြေမယ်ထင်လား

လုဒီမျက်မှောင်ကြုံ့လိုက်သည်။ သူ့မသိစိတ်က တစ်ခုခုလွဲနေကြောင်း ပြောနေသည်။

"နောက်တစ်လှမ်းဆုတ်လိုက်ကြစို့။ မင်းကို ငါလောင်းကစားလုပ်လို့ မင်းကိုအကြွေးတင်နေရင်တောင် ဘယ်မလဲ စာချုပ်။ မင်းထုတ်ပြီး လူတိုင်းကို ပြလိုက်လေ" ဇူအန် စိမ်ခေါ်လိုက်သည်။

မက်မွန်ပွင့် ၁၃က မကျေမနပ်ပြန်အော်သည်။
"မင်းကို စာချုပ်ပေးပြီးပြီလေ"

ဇူအန် လက်မြှောက်၍ အပြစ်ကင်းစွာ ပြောလိုက်သည်။
"ဆရာ ကျွန်တော်အပြစ်ကင်းကြောင်း သက်သေပြဖို့ သူပြောတဲ့စာချုပ်ကျွန်တော့်မှာရှိလား ရှာကြည့်ပါလား"

"မင်းခုနက ဆုတ်ဖြဲလိုက်ပြီလေ" နောက်ဆုံးတော့ ဇူအန်ဘာကြောင့် ထိုသို့လုပ်လိုက်မှန်း နားလည်သွားလေပြီ။ သူက အစောကြီးတည်းက ကြိုတင်ကြံစည်ထားခြင်းပင်။

ဇူအန် ပြန်မဖြေခင် သက်ပြင်းချလိုက်သည်။
"ငါဖြဲလိုက်ရင်တောင် ခြေရာလက်ရာကျန်နေဦးမှာပဲ မဟုတ်ဘူးလား"

"မင်းအဲ့တာကို အမှုန့်ဖြစ်ပြီး လေနဲ့ပါသွားတဲ့အထိ ခြေလိုက်တာလေ" မက်မွန်ပွင့် ၁၃ စွဲစွဲမြဲမြဲပြောနေသေးသည်။

ဇူအန် ခေါင်းယမ်းလိုက်ပြီး
"မင်းအရမ်းကြီး ကြိုးစားမနေပါနဲ့။ ငါက လုံးဝအသုံးမကျတာ ချူအိမ်ကလူအားလုံးသိတယ်။ ငါသာ စာရွက်ကို အမှုန့်ဖြစ်အောင်လုပ်နိုင်စွမ်းရှိရင် အစတည်းက အဝါရောင်ခန်းကို ရောက်မလာဘူး"

"ဒါပေမဲ့ သူတကယ်...."မက်မွန်ပွင့် ၁၃ ကျောစိမ့်လာသည်။ သူက လုဒီထံ အသည်းအသန်ကြည့်၍ ရှင်းပြရန် ပြင်သော်လည်း လုဒီက အခွင့်အရေးမပေးတော့ချေ။

"တော်ပြီ" လုဒီ ဒေါသတကြီး အော်လိုက်သည်။
"မင်းတို့ မက်မွန်ပွင့်ဂိုဏ်းအပြင်မှာ ဘာမကောင်းတာလုပ်လုပ် ငါဂရုမစိုက်ဘူး။ ဒါပေမဲ့ ငါတို့ကျောင်းသားတွေကို အနိုင်ကျင့်တာတော့ လက်မခံဘူး။ ငါဒီနေ့ မင်းခြေထောက်နှစ်ချောင်းကို ရိုက်ချိုးပစ်မယ်။ ပြန်ရောက်ရင် မေချောက်ဖုန်းကိုပြောလိုက်။ သူ့လက်အောက်ငယ်သားတွေ အကယ်ဒမီကို နောက်တစ်ခါ လာရှုပ်ရင် ဒီတိုင်းမထားဘူးလို့"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now