199

345 51 0
                                    

Chapter 199: သေခြင်းရှင်ခြင်းစာချုပ်

"ဘယ်လို အပေးအယူလဲ" ဇူအန် အလောင်းကောင်တပ်ကိုကြည့်ရင်း လန့်နေသည်။ မိန်လိကိုတောင် မဖြေရှင်းရသေးခင် နောက်ထပ်ဒုက္ခတစ်ခု ရောက်လာသည်။
ငါတော့ ဒီနေ့ တကယ်သွားပြီထင်တယ်။

"ဒီဝိညာဉ်အကုန်လွတ်သွားတာနဲ့ ရှိတဲ့လူ အကုန်သေမယ်ဆိုတာ မင်းလည်း သိသင့်တယ်" မိန်လိ ပြောလိုက်သည်။

ဒါက ဇူအန်ကို စိတ်ဝင်စားစေသည်။
"သူတို့ မသေခင်က ချင်ပြည်ရဲ့ စစ်သားတွေမဟုတ်ဘူးလား။ သူတို့ကျန်းဟန်ကို မုန်းတာတော့ ထားပါတော့။ ချင်ပြည်ရဲ့ ဧကရီတစ်ယောက်အနေနဲ့ ခင်ဗျားသူတို့ကို အမိန့်မပေးနိုင်ဘူးလား"

မိန်လိ ခေါင်းယမ်း၍ ပြန်ဖြေသည်။
"သူတို့က ချင်ပြည်ကစစ်သားတွေမှန်ပေမဲ့ အမုန်းတရားနဲ့သေပြီး နှစ်တစ်ထောင်လောက် ချိတ်ပိတ်ခံထားရတာ။ သူတို့အသိစိတ်ကို အမုန်းတရားက လွှမ်းမိုးသွားပြီး အငြှိုးကြီးတစ္ဆေတွေ ဖြစ်သွားတာ။ သူတို့ထဲမှာ ကျန်ခဲ့တာက ရက်စက်မှုနဲ့ သွေးဆာမှုပဲ။ မြင်မြင်သမျှသက်ရှိကို သတ်တာက ဗီဇလိုဖြစ်သွားပြီ။ သူတို့ အဲ့ဒီရေကန်က လွတ်သွားတာနဲ့ ငါတို့တစ်ယောက်မှ အသက်ရှင်တော့မှာ မဟုတ်ဘူး"

"ခင်ဗျားပြောချင်တာက ဘာအပေးအယူလဲ" ဇူအန် မေးလိုက်သည်။

ဇူအန် မိန်လိနှင့် စနောက်နိုင်ခြင်းက မိန်လိက လှ၍ပင်ဖြစ်သည်။ ထိုအရုပ်ဆိုးဆိုးတစ္ဆေများနှင့် အချိန်ဖြုန်းရန်ကား စိတ်မပါပေ။

"ငါ့ကို သန့်စင်မယ့်အစား ဒီတစ္ဆေတွေကို သန့်စင်လိုက်။ ဒါက ငါတို့နှစ်ယောက်လုံးအတွက် အကျိုးရှိတယ်" မိန်လိ ပြန်ဖြေသည်။

ဇူအန် ဝမ်းသာသွားသည်။
လက်စသပ်တော့ ဒီမိန်းမက ငါသူ့ကို တကယ်သန့်စင်နိုင်တယ်ထင်ပြီး ကြောက်နေတာပဲ။

ထိုသို့တွေးလိုက်ပြီး ဇူအန် ပိုပြီး သတ္တိရှိသွားသည်။
"ကျုပ်က ဘာလို့လုပ်ရမှာလဲ။ ခင်ဗျားက ကျုပ်မိန်းမကို သေအောင်လုပ်တာလေ။ ကျုပ်က ခင်ဗျားကို ဘာလို့လွယ်လွယ် အလွတ်ပေးရမှာလဲ"

မိန်လိ ဆုံးဖြတ်ချက်တစ်ခုချရန် လွန်ဆွဲနေသည်။ ရေကန်ကို တစ်ချက်ကြည့်လိုက်ရာ ဖုတ်ကောင်တပ်သားများ နောက်သို့ တဖြည်းဖြည်း ဆုတ်ခွာနေရကြောင်း တွေ့လိုက်ရသည်။ အငြှိုးကြီးတစ္ဆေတွေ အနိုင်ရဖို့ မကြာတော့ပေ။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Où les histoires vivent. Découvrez maintenant