52

344 55 0
                                    

Chapter 52. အကြွေးလာတောင်းသူ

ဇူအန် အမျက်ပွိုင့်အားလုံးကို သုံးပြီးသော်ငြား အသစ်ထပ်မရတော့ချေ။
ကစားသည့်အတွက် ကျေးဇူးတင်ပါသည်နှင့် ကီသီး သာရလေသည်။

နောက်ဆုံးရလဒ်မှာ ကီသီး၅၅လုံး၊ နွေဦးကိုကြီး တစ်ပုလင်းနှင့် ကံကောင်းခြင်းဆေးလုံး တစ်လုံးဖြစ်သည်။
နောက်ထပ်ရလာသော အချက်အလက်အရ ကီသီးကျနှုန်းသည် ၁၀တွင် တစ်လုံး ဖြစ်ကြောင်း ဇူအန် ကျောက်ချက်ဆွဲနိုင်လိုက်သည်။ ကြည့်ရတာ သူအရင်က တကယ်ကံမကောင်းပုံပင်။

သုံးစရာအမျက်ပွိုင့်မရှိတော့၍ ကီသီးကိုသာ တစ်လုံးပြီးတစ်လုံး စားလိုက်သည်။ သူ့ကြွက်သားတွင်းရှိ ပထမအစီအရင်တွင် ရွှေမှုန်များတစ်ဖြည်းဖြည်း ပြည့်လာလေသည်။
ကီသီး၅၅လုံး စားပြီးချိန်မှာတော့ ပထမအစီအရင်ပြည့်သွား၍ ဒုတိယအစီအရင်တွင် ရွှေမှုန်များ စပေါ်လာလေပြီ။

"ကြည့်ရတာ ဖီဘိုနာချီ ကိန်းစဉ်အတိုင်း တကယ်ကြီးသွားတာပဲဟ" ဇူအန် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

ကိန်းစဉ်အရ ယခင်နံပါတ်သည် ၃၄ ဖြစ်၍ အခုတစ်ကြိမ်တွင် ၅၅ ဖြစ်ရမည်ပင်။ ရလဒ်သည် ခန့်မှန်းထားသည့်အတိုင်းပင်။
ဒုတိယအစီအရင်ရှိ အပိုရွှေမှုန်များက မဟာလေပြင်းကို စမ်းသပ်စဉ်က နံရံနှင့်ဝင်တိုက်ရာမှ ရလာခြင်းဖြစ်သည်။
ဖီဘိုနာချီ ကိန်းစဉ်နှင့် ကီသီး၏ ကျနှုန်းအရ ဒုတိယအစီအရင်ပြည့်ရန် အမျက်ပွိုင့် 89,000 လိုပေလိမ့်မည်။ ဒါက တကယ့်ကိုနာကျင်စရာပင်။

တစ်ခြားကျင့်ကြံသူတွေကျ အရမ်းလွယ်ပြီး ဘာလို့ ငါကျ တစ်ဆင့်ချင်းသေချာ စီစဉ်နေရတာတုန်း..။
သို့သော် တစ်ခြားဖက်မှကြည့်လျှင် အခြားကျင့်ကြံသူများက ထောက်ပံ့မှုများ တောင်ပုံရာပုံကုန်၍ နေ့မနားညမနားလေ့ကျင့်ပြီးမှ လက်ရှိအခြေအနေကို ရောက်သည်ပင်။ကြည့်ရတာ ဇူအန် အထွန့်တက်ရန် အရည်အချင်းမရှိပေ။

ယနေ့အဖြစ်အပျက်များက လပြည့်အကယ်ဒမီ၏ အတွင်းရေးကို ဇူအန်အကြမ်းဖျင်း နားလည်လိုက်သည်။ အဆင့်၅ရောက်သူများက တိုင်းပြည်အဆင့်ပါရမီရှင်များ ဖြစ်ကြသည်။ ဤထဲတွင် လူအနည်းစုသာရှိပြီး ဇူအန်သိသမျှထဲတွင် သူ့မိန်းမ၊ဖေးမြန့်မုန် နှင့် ထိုမုန်းစရာ ယွမ်ဝမ်ဒုံ တို့သာရှိလေသည်။
သူတို့အောက်တွင် အဆင့်၄ရောက်သော သူများ ဖြစ်သည်။ သူတို့လည်း အတော်အတန်လေးစားခံရပြီး လူနည်းစုသာရှိလေသည်။ အများစုသည် အင်အားကောင်းပြီး နောက်ခံကောင်းကောင်းလည်း ရှိကြသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now