44

367 56 0
                                    

Chapter 44: ငွေညှစ်ခြင်း

ကျန်းလော့ဖူ သူ့ကို အိတ်တစ်ခု ပစ်ပေးသည်။
"မင်းယူပြီးတော့ စာသင်ခန်းကို ပြန်လို့ရပြီ"

ဇူအန် ဖမ်း၍ ဖွင့်ကြည့်လိုက်သည်။ အထဲတွင် ဆေးရွက်အချို့နှင့် လက်တစ်ချောင်းစာ အနီရောင်ကျောက်တစ်ခုတွေ့ရလေသည်။ ဇူအန် စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
"ဒါကဘာလဲ"

"မင်းလိုအပ်တဲ့ ကျင့်ကြံမှုအထောက်အပံ့လေ။ ဆေးရွက်တွေက ဆေးစိမ်ပြီး ရေချိုးဖို့အတွက် ကီကျောက်က မင်းစုပ်ယူပြီး လေ့ကျင့်ဖို့"ကျန်းလော့ဖူ ပြန်ဖြေ၏။

ဇူအန် အထင်မလွဲစေရန် ထပ်မံရှင်းပြလိုက်သေးသည်။
"ကျောင်းသားတိုင်းက တစ်စုံစီရတယ်။ ဒါက အဝါရောင်အခန်းက ကျောင်းသားတိုင်းရတဲ့ ပမာဏ"

"ဒါဆို ဒီဟာက ကီကျောက်ပေါ့" ဇူအန် ထုတ်၍ အနီးကပ် ကြည့်လိုက်သည်။ အရင်ဘဝက ပတ္တမြားနှင့် ချွတ်စွတ်ပင်။

ကျန်းလော့ဖူ နားလည်ရခက်သွားသည်။
"မင်းတစ်ခါမှ မမြင်ဖူးဘူးလား။ ဒါဆို အရင်က မင်းဘယ်လိုလေ့ကျင့်တာလဲ"

ဇူအန်က ကီးဘုတ်အကြောင်းမပြောချင်၍ စကားလှည့်လိုက်သည်။
"ခင်ဗျားပြောတော့ ကျုပ်က အကြည့်ရောင်အဆင့်ဆို။ အနည်းဆုံးတော့ ကောင်းကင်အခန်းကိုတော့ ဝင်ခွင့်ရှိမှပေါ့။ အခန်းမပြောင်းပေးရင်တောင် အထောက်အပံ့ကတော့ သူတို့နဲ့တူသင့်တယ်လေ။ မဟုတ်ဘူးလား"

ကျန်းလော့ဖူ နှာမှုတ်လိုက်သည်။
"ငါက အထောက်အပံကို စိတ်တိုင်းကျပေးလို့ရတယ် ထင်နေလား။ ကျောင်းသားတစ်ယောက်ချင်းစီရဲ့ အထောက်အပံ့ကို တော်ဝင်လွှတ်တော်ရဲ့ စိမံဝန်ကြီးက သတ်မှတ်တာ။ ကျောင်းသားတစ်ယောက်ချင်းစီရဲ့ ထောက်ပံ့မှုကို စာရင်းလုပ်ပြီး စစ်ဆေးဖို့ ပြန်တင်ရတယ်။ မင်းအရည်အသွေးကို တစ်ယောက်ယောက်ရှာတွေ့မှာ မကြောက်ဘူးဆိုရင် ယူပေါ့"

"မေ့လိုက်ပါတော့ အဲ့တာဆိုလည်း" ဇူအန် ပြန်ဖြေသည်။ သူ့မှာကီးဘုတ်ရှိတာပဲ။ ကီကျောက်တစ်ချို့တစ်လေအတွက် စွန့်စားဖို့မလိုပါဘူး။

"သွားတော့" ကျန်းလော့ဖူက ဇူအန်ဒီမှာဆက်ရှိနေလျှင် စိတ်ပေါက်၍ ရိုက်နှက်မိမည်ကို စိုးလေသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now