169

297 44 0
                                    

Chapter 169: ရှေးခေတ်လျို့ဝှက်ချက်

“အဓိပ္ပါယ်မရှိတာ။ သူ ငါ့ကို မယုံဘူးဆိုရင် ငါ့ကို ဘာလို့ဒူးထောက်ပြီး ခစား….”ရုတ်တရက် ဇူအန် တစ်ခုခုစဉ်းစားမိသွားပြီး “ခဏနေအုံး ငါ အဲ့ကိစ္စနဲ့ စကားလမ်းကြောင်းလွှဲခံရတော့မလို့။ သူက ငါ့ကို ဘာလုပ်နိုင်မှာလဲ။ ငါက အမြင့်မြတ်ဆုံး ပထမမြောက် ရှင်ဘုရင်လေ”

“……” မိန်းမအသံ
“မင်း ဒီအတိုင်း ဆက်ဟန်ဆောင်အုံးမှာလား” အမျိုးသမီးက နှာခေါင်းရှုံ့သံဖြင့် ပြောလိုက်သည်။ “ဒါဆို ငါက ဘယ်သူလဲဆိုတာရော မင်း သိလား”

“မင်းက…..” ဇူအန်သည် ပြန်ဖြေလုခါနီး သူ့ဇာတ်ရုပ်ကို ရုတ်တရက် ပြန်သတိရသွား၍ သူ့ကိုယ်သူ လျှင်လျှင်မြန်မြန် ပြန်ပြင်လိုက်သည်။ “မင်းက ငါ့မိဖုရားခေါင်ကြီး ၊ ချင်မင်းဆက်ရဲ့ ဘုရင်မကြီးလေ”

“…..” မိန်းမအသံ
“ဒါဆို ငါ့ရှေ့မှာ အဓိပ္ပါယ်မရှိတာတွေ မပြောဖို့ မင်း ကောင်းကောင်းသိသင့်တယ်မလား”

ဇူအန် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်လိုက်ပြီး “ငါ ဘာပြောနိုင်မလဲ။ ဘာပဲဆိုဆို ငါ့မှတ်ဉာဏ်ကို မကြာသေးခင်ကမှ ပြန်ရတာလေ။ ငါ ပြန်မမှတ်မိသေးတဲ့အရာတွေ အများကြီးပဲ”

“ပါးစပ်ပိတ်လိုက်။ ငါ့ယောကျာ်းကို ဘယ်လိုလုပ် မမှတ်မိဘဲ နေမလဲ။ ကျန်းဟန်ကို လှည့်စားဖို့ သုံးတဲ့ အဲ့ယုတ္တိမရှိတာတွေကို ငါ့အပေါ်မှာ သုံးဖို့ လာမကြိုးစားနဲ့” မိန်းမအသံက နှာရှုံ့ပြီး ပြောလိုက်သည်။ “အဲ့အပြင် မင်း ကျန်းဟန်ကို လုံးလုံးအရူးလုပ်နိုင်ခဲ့တာလည်းမဟုတ်ဘူး”

“မင်း ဘာကိုဆိုလိုတာလဲ” သူမက ထိုစကားနှင့် အဓိပ္ပါယ်ဆင်သည့် စကားမျိုးကို အစောတုန်းကလည်း ပြောသွားကြောင်း ဇူအန် မှတ်မိသည်။ ကျန်းဟန် ငါ့ကို တကယ်ရိပ်မိသွားတာလား။

“စောနတုန်းက ကျန်းဟန်ရှေ့မှာ မင်း အမှားသုံးခု လုပ်ခဲ့တယ်” မိန်းကလေးအသံက ပြောလာခဲ့သည်။ “ပထမအချက် ယင်ကျန်း(ဧကရာဇ်ချင်ရှီ) က ကရုဏာ ဆိုတာကို မသိတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လူပဲ။ တကယ်လို့ သူသာ အသက်ပြန်ရှင်လာပြီး ကျန်းဟန်က မြင့်မြတ်တဲ့ ချင်တိုင်းပြည်ရဲ့ ပင်မစစ်တပ်ကို သူ့အုတ်ဂူထဲ ပို့လိုက်တယ်ဆိုတာ သိသွားရင် အဲ့လူကို လွယ်လွယ်လေးလေးနဲ့ လွှတ်ပေးမှာ မဟုတ်ဘူး”

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now