151

300 51 1
                                    

Chapter 151: သူဌေးတစ်ယောက်ကို မိတ်ဆွေဖွဲ့ခြင်း

ထိုစကားလုံးများ ကြားရသောအခါ ဇူအန် အော်ရယ်လုနီးပါးဖြစ်သွားသည်။
အေးပါကွာ။ သူက ငါ့မိန်းမလေ။ သူ့လက်ကို ငါ ကိုင်ချင်ကိုင်မှာပေါ့။ မင်း အပူပါလို့လား။ မင်းက အရမ်းတကိုယ်ကောင်းမဆန်ဘူးလား။ မင်းအတွက် ငါ့မိန်းမကို အပျိုစင် အတိုင်းကျန်စေချင်နေတာလား။ မင်းရဲ့ စွဲလမ်းမှုက စိတ်ဝေဒနာတစ်ခုပဲ။ ကိုယ့်ဟာကိုယ် စိတ္တဇဆေးရုံ တစ်ခုခုမှာ သွား အခန်းအောင်းနေလိုက်။

ချူချူယန်၏ မျက်နှာ အေးစက်သွားသည်။ “ကျွန်မနဲ့ ကျွန်မယောက်ျား ကြားက ကိစ္စကို ဝင်စွပ်ဖက်ရအောင် စည်းကျော်နေပြီ”
သူမကဲ့သို့ အေးဆေးတည်ငြိမ်သောသူ ပင် ယခုအခြေအနေတွင် စိတ်တိုသွားသည်။
ဒီလူက ဘာတွေမှားနေတာလဲ။ သူနဲ့ ယှဉ်ရင် ဇူအန် ကမှ ပုံမှန် နဲ့တူဦးမယ်။

အသက်ခပ်ပြင်ပြင်းရှုကာ သူ့ကိုယ်သူ စိတ်ငြိမ်စေကာ ရှီခွန်း ပြောလိုက်သည်။ “ငါက မင်းကို နတ်ပြည်က ဆင်းသက်လာတဲ့ နတ်သမီးတစ်ပါးအဖြစ် တွေးခဲ့တာ။ ပြီးတော့ မင်း ကို ဖြည်းဖြည်းချင်း ပိုးပန်းဖို့ ကြံထားခဲ့တာ။ ဒါပေမယ့် ကြည့်ရတာ ငါ့ အစီအစဉ် က အလုပ်မဖြစ်တော့ဘူးထင်တယ်။ ငါသာ ဆက်ပြီးတော့ အချိန်ယူနေရင် ငါ့ထက်အရင် တစ်ခြားယောက်ျားတစ်ယောက်က ရသွားလိမ့်မယ်”

ဘေးတွင် မတ်တပ်ရပ်နေသော ရှောင်ရွှယ်ယင်း မှာ စကားပြောရန် အနည်းငယ် တွန့်ဆုတ်နေသည်။
တကယ်တော့ သခင်လေး စိတ်ပူစရာမလိုဘူး။ ဇူအန်က....
သို့သော် ထိုအကြောင်းအရာကို အစကတည်းက အဘယ်ကြောင့်ဖုံးကွယ်ထားသနည်း ဟူသော အမေးကို ပြန်ဖြေရှင်းနိုင်မည်မဟုတ်ပေ။

ဇူအန် နှင့် ချူချူယန် တို့လည်း ရှောင်းရွှယ်ယင် ကို အံသြနေကြသည်။ သူတို့၏စိတ်ထဲတွင်လည်း တူညီသော အတွေးရှိနေသည်။ စနိုးက ဇူအန် မြုံနေသည့်အကြောင်း ရှီခွန်း ကို ဖုံးကွယ်ထားမည်ဟု သူတို့လည်း မထင်မှတ်ထားကြပေ။

ဇူအန် က သူ့မိန်းမကို တံတောင်နဲ့ တို့လိုက်ကာ တီးတိုးပြောလိုက်သည်။ “တွေ့လား။ စနိုးက အဲ့ဒါနဲ့ ငါ့ကို စနောက်နေပေမယ့် ငါ့ရဲ့ ဂုဏ်သိက္ခာကို အများကြီး ဂရုစိုက်နေသေးတယ်”

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now