149

287 43 0
                                    

Chapter 149: ကလေးမွေးရတာကို စွဲလန်းနေတာလား

ဇူအန်အစတည်းက သူမကို မှတ်မိပြီး သတိလက်လွတ်ဖြစ်အောင် ဟန်ဆောင်နေကြောင်း သိလိုက်သည်။
ဇူအန်ကို အရူးလုပ်ရန် ကြံစည်ထားသော်လည်း ဇူအန်အရူးလုပ်တာ ခံလိုက်ရသည်။ အရှက်ရမှုနှင့် ဒေါသက ရှောင်းရွှယ်ယင်ကို ရူးမတတ်ဖြစ်စေသည်။

သင်သည် ရှောင်းရွှယ်ယင် ထံမှ အမျက်ပွိုင့် ၁၀၂၄ ရယူလိုက်သည်။

ထိုမျိုးမစစ်အစုတ်ပလုတ်အား နုတ်နုတ်စင်းရန် ဆုံးဖြတ်ထားပြီး ဒေါသတကြီး လိုက်လေသည်။

ဇူအန် အမြန်ဆုံးပြေးလေသည်။ ဒါပေမဲ့ နေကြာပန်းလှိုင်းသုံးတာတောင် ရှောင်းရွှယ်ယင်ကို မျက်ခြေမဖြတ်နိုင်ကြောင်း သိလိုက်သည်။ တော၏ ရှုပ်ထွေးသော သဘာဝကြောင့်သာ မဟုတ်လျှင် သူဖမ်းမိတာ ကြာလေပြီ။

ခေတ္တပြေးပြီးနောက် ဇူအန်သစ်ပင်တစ်ပင်နောက်ကို ဝင်ပုန်းကာ ရှာမတွေ့ပါစေနဲ့ ဆုတောင်းလိုက်ရသည်။

ဇူအန် ပျောက်သွားကြောင်း ရှောင်းရွှယ်ယင် သိပြီးနောက် အေးအေးဆေးဆေး လမ်းလျှောက်ရင်း ပြောလိုက်သည်။
"ဇူအန် နင့်ခွန်အားကို ငါ မထင်ထားမိတာအမှန်ပဲ။ ဒါပေမဲ့ နင်မလုပ်သင့်တဲ့အရာတစ်ခုရှိတယ်။ အဲ့တာက တောထဲကို ပြေးတာပဲ"

ဇူအန်ကြောင်သွားသည်။ ကျားကျန်းကျီ တို့အဖွဲ့ကို တောထဲတွင် မျက်ခြေဖြတ်နိုင်ခဲ့သောကြောင့် အလိုလို တောထဲ ဝင်ပြေးမိခြင်းပင်။

"ငါ့ရဲ့ ဒြပ်စင်ကို နင်မေ့သွားတာလား ဇူအန်"

ရှောင်းရွှယ်ယင် လက်မြှောက်လိုက်သော် သစ်ရွက်များ အလိုလို လှုပ်ရှားလာသည်။ သူတို့၏ နူးညံ့သောမျက်နှာပြင်က မာကျောလာပြီး ဇူအန် ပုန်းနေသောနေရာသို့ ပြေးဝင်လာလေသည်။

ဇူအန် သူ့ကိုရှာတွေ့သွားကြောင်း နားလည်၍ ခုန်ဆင်းလိုက်သည်။ တအံ့တသြ ငေးကြည့်ကာ မေးလိုက်သည်။
"မင်းက ငါ့ကို အာရုံခံနိုင်တယ်ပေါ့"

ရှောင်းရွှယ်ယင် လှုပ်ရှားရန် အလျင်မလိုပေ။
"ဒီတောထဲက သစ်ရွက်တိုင်း မြက်ပင်တိုင်းက ငါ့ရဲ့ မျက်စိနဲ့ နားတွေပဲ။ နင်ဘယ်လိုလုပ် ပုန်းနိုင်မှာလဲ"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Onde as histórias ganham vida. Descobre agora