7

571 70 0
                                    

Chapter 7: အဆင့်တက်ခြင်း

ဇူအန်နောက်ပြန်လှည့်၍ ထိုင်ခုံတစ်လုံးကို ဆွဲလိုက်သည်။
"စကြတာပေါ့။ တောင်းဆိုချက်တစ်ခုတော့ရှိတယ် ။ ငါ့မျက်နှာကိုမရိုက်နဲ့။ ငါက ရုပ်ရည်နဲ့ အသက်ရှင်နေရတာ"

ချူဟွမ်ကျောက် အံကြိတ်လိုက်သည်။ ဒီကိစ္စကို သူ့မိဘများနှင့် သူ့အမကို မသိစေလို၍ လက်ခံလိုက်သည်။

"ကောင်းပြီလေ ။ မျက်နှာကိုမရိုက်ဘူး"
လက်တစ်ဖက်မြှောက်လိုက်၍ ကြာပွတ်ကိုလွှဲလိုက်သည်။ ဇူအန်ရင်ဘတ်ရှိ အင်္ကျီတွင် သွေးများစင်လာ၍ ကြောက်စရာကောင်းသော အစင်းကြောင်းကြီး ပေါ်လာသည်။

ချူဟွမ်ကျောက် အောင်နိုင်သူအပြုံးတစ်ခု ပြုံးလိုက်သော်လည်း လမ်းခုလတ်တွင် အေးခဲသွားရသည်။
မျှော်လင့်ထားသော အော်သံကို မကြားရသည့်အပြင် ငြီးတွားသံလေးပင် မထွက်ချေ။

ဇူအန်သည် နေရာတွင် အငြိမ်သား တိတ်တဆိတ်ထိုင်နေလေသည်။ သို့သော် သူ့မျက်နှာတွင်ကား ထူးဆန်းသော မျက်နှာထားရှိနေလေသည်။

ကြာပွတ်ရိုက်ချက် ခန္တာကိုယ်ပေါ်ရောက်သည်နှင့် ဇူအန်သည် နာကျင်မှုအစား သာယာမှုလှိုင်းများကို ခံစားလိုက်ရသည်။

သူက မျက်နှာထားကို ထိန်းနိုင်ရန် ကြိုးစားသော်လည်း တစ်ချို့တစ်ဝက်သာ အောင်မြင်လေသည်။

သူက သဲကန္တာရထဲတွင် ဖရဲသီးချိုချို ရေခဲစိမ်တစ်ကိုက်အား စားလိုက်ရသကဲ့သို့ ချိုမြန်အေးမြစွာ၊ တော်ဝင်စာမေးပွဲတွင် ပထမရသည့် စာပေပညာရှင်ကဲ့သို့ လှုက်ဖိုမြူးထူးကာ တသိမ့်သိမ့် ခံစားနေရလေသည်။ သူက သာယာစွာ ငြီးမိမတတ်ပင်။

သို့သော် တစ်ခြားလူရှိသည်ကို သတိရ၍ တိတ်တိတ်နေရန် ကြိုးစားနေသည်။ သူက နာကျင်မှုတွင်သာယာသည်ဟူသော သတင်းများ မထွက်စေချင်ပါ။

"ဟမ်" ချူဟွမ်ကျောက်က မျက်လုံးပြူး၍ ကြည့်နေသည်။ သူမက ဒါက မမျှော်လင့်ထားပေ။

သူက သူ့ကိုယ်သူဖိအားပေးပြီး အသံတိတ်နေတာဖြစ်ရမယ် ။ ဟုတ်တယ် အဲ့လိုပဲ ဖြစ်ရမယ်။ ငါအရင်တစ်ခါရိုက်တုန်းက သူက အော်လိုက်တာ ဝက်ကျနေတာပဲ။ အခုမှ အလောင်းအစားကြောင့် အံကြိတ်နေတာဖြစ်မယ်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Hikayelerin yaşadığı yer. Şimdi keşfedin