88

315 53 0
                                    

Chapter 88. ဆရာဇူ

"ဆရာလု ဒါက လောင်းကစားထက် စာချုပ်ဆိုရင် ပိုမှန်မယ်။ မင်းက ဒီကိစ္စကို ပုံကြီးချဲ့နေတာပဲ။ စာချုပ်တွေက စွမ်းအားရှိတယ်။ ဇူအန် နိုင်သွားမှတော့ ရန်ဝေ့ သူ့ဂတိကို လက်ခံလိုက်တာ ပိုကောင်းမယ်" ကျန်းလော့ဖူ ပြန်ဖြေသည်။

လုဒီက လက်မလျှော့ချင်ပေ
"ဒါပေမဲ့..."

ကျန်းလော့ဖူ လုဒီက ခပ်တည်တည်ကြည့်၍
"ငါ့စကားကို မေးခွန်းထုတ်နေတာလား"

လုဒီ ရင်ထိတ်သွားပြီး ခေါင်းငုံ့၍ ပြန်ဖြေလိုက်သည်။
"မလုပ်ရဲပါဘူး"

ဇူအန် စကားဝိုင်းကိုကြည့်၍ စိတ်လှုပ်ရှားသွားသည်။
ကျောင်းအုပ်ရဲ့ လွှမ်းမိုးနိုင်စွမ်းက အံ့သြစရာပဲ။ ကြမ်းတမ်းတဲ့ လုဒီတောင် သူ့ရှေ့မှာ ကြက်ပေါက်လေးတစ်ကောင်လိုပဲ။ ကြည့်ရတာ ငါ သူ့ပေါင်ကို မြဲမြဲဖက်ထားမှပဲ။

လူအုပ်ကလည်း ပြိုင်တူ ခေါင်းငြိမ့်လိုက်ကြပြီး ကျောင်းအုပ်ကို ထောက်ခံလိုက်ကြသည်။ ရန်ဝေ့က သူ့ဘာသာစ၍ သူ့လုပ်ရပ်သူခံရခြင်းပင်။ လုဒီ ဝင်စွက်ဖက်ခြင်းက နဂိုတည်းက မလိုအပ်ပေ။

ပြောသာပြောရတာ လုဒီကို ရန်စမိမည်ဆိုး၍ ဇူအန်အတွက် ဘယ်သူမှ ရှေ့ဆက်မပြောရဲပေ။ သူတို့က ဇူအန်နှင့် သူငယ်ချင်းမဟုတ်၍ သူ့အတွက် လည်စင်းပေးရန် မလုပ်နိုင်ပေ။ သို့သော် ကျောင်းအုပ်၏ ဆုံးဖြတ်ချက်ကိုတော့ ကျေနပ်ကြသေးသည်။

ဒါပေါ့ မကျေနပ်သူများလည်းရှိသည်။ ဟုန်ရှင်းယင် ၊ ယွမ်ဝမ်ဒုံ နှင့် ရီချန်းလျန် တို့ပင်။ သူတို့အတွက် ကျောင်းအုပ်ရောက်လာခြင်းက အချိန်ကောင်းမဟုတ်ပေ။ ဇူအန်ပြဿနာတက်တိုင်း နောက်ကလိုက်ရှင်းပေးသော တစ်စုံတစ်ယောက် အမြဲတမ်း ရှိနေပုံပင်။
ဒီကောင့်ကံက ဘာလို့ ဒီလောက် ကောင်းနေတာလဲ။

သင်သည် ယွမ်ဝမ်ဒုံ ထံမှ အမျက်ပွိုင့် ၄၄၄ ရယူလိုက်သည်။

သင်သည် ဟုန်ရှင်းယင်ထံမှ အမျက်ပွိုင့် ၄၄၄ ရယူလိုက်သည်။

သင်သည် ရီချန်းလျန် ထံမှ အမျက်ပွိုင့်၄၄၄ ရယူလိုက်သည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now