82

308 45 0
                                    

Chapter 82.နာမည်ကြီးကြယ်ပွင့် ရှန်းလျှို့ယီ

ရန်ဝေ့ ဆရာတစ်ယောက်၏အလုပ်ကို အလွန်ဂုဏ်ယူ၍ ဆူညံနေသော အခြေအနေက သူ့ကို စိတ်တိုစေသည်။ ဒါက စာသင်ခန်းထက် လမ်းဘေးပြပွဲနှင့် တူနေလေသည်။ သို့သော် သည်းခံရုံမှအပမရှိပေ။ အရေးကြီးတာ ဇူအန်ကို အရင်ရှင်းထုတ်ဖို့ပင်
"အဲ့လိုဆိုမှ နောက်ရှုံးမှ လောင်းကစားကို ငြင်းမှာကို တားဖို့ ငါတို့ကျောင်းသားတွေကို သက်သေထားသင့်တယ်"

ဇူအန် လက်မြှောက်၍ တားလိုက်သည်။
"ခနေနဦး"

"ဘာလဲ ကြောက်နေပြီလား" ရန်ဝေ့ မျက်မှောင်ကြုံ့လိုက်သည်။ ဇူအန် နောက်ဆုံးအချိန်မှ နောက်ဆုတ်မည်ကို သူမလိုလားပေ။

"ကြောက်တယ်ဟုတ်လား" ဇူအန် အော်ရယ်လိုက်ပြီး
"မဖြစ်နိုင်တာ ကျုပ်က မျက်မြင်သက်သေရှာမလို့ပါ"

ရန်ဝေ့ ဘေးက ကျောင်းသားများကို ပြ၍
"ဒီလူတွေက မလုံလောက်သေးဘူးလား"

"ဒါပေါ့ ဘယ်ရမလဲ" ဇူအန် ပြတ်ပြတ်သားသားပြန်ဖြေသည်။
"ခင်ဗျားနိုင်ရင် ဒီလူတွေက လုံလောက်တယ်။ ဒါပေမဲ့ ကျုပ်နိုင်ရင် ဒီလူတွေက ခင်ဗျားလောင်းကြေးကို တာဝန်ယူဖို့ ပြောနိုင်မှာမဟုတ်ဘူး။ ကျုပ်တို့က ဘာပဲပြောပြော ခင်ဗျားထက် အဆင့်နိမ့်နေတာကို"

"ငါမင်းကို ရှုံးမယ်လို့ ပြောနေတာလား" ရန်ဝေ့ ဒေါသတကြီး ပြောလိုက်သည်။
သူက ကျင့်ကြံမှုတွင် မတော်သော်လည်း အတွက်အချက်တွင်တော့ ယုံကြည်မှု ပြည့်နေသည်။ ထိုနယ်တွင် မည်သူမျှ သူ့ကို မေးခွန်းထုတ်ခွင့်မပြုပေ။

"လောကမှာ ဘယ်အရာမှ မသေချာဘူး။ ခင်ဗျားလက်မခံချင်ရင် လောင်းတာကို ဖျက်လိုက်လေ" ဇူအန် ပုခုံးတွန့်၍ ပြန်ထွက်သွားရန် ပြင်လိုက်သည်။

ဇူအန် နောက်ဆုံးအချိန်တွင် လက်လျှော့တော့မည်ကို မြင်၍ ရန်ဝေ့ စိတ်ပူသွားသည်။ သူ့သားကောင်ကို နှာခေါင်းမှဆွဲ၍ ထောင်ချောက်ထဲပို့ရန် မလွယ်ကူပေ။ဖမ်းမိခါနီးနေလေပြီ။ ဒီအခိုက်အတန့်ရောက်မှ ဇူအန်ကို လွှတ်မပေးနိုင်ချေ။

ထို့ကြောင့် ပြန်ဖြေလိုက်သည်။
"ဒါဆိုလည်း ကောင်းပြီ။ နောက်ထပ်ဆရာတစ်ယောက် မျက်မြင်သက်သေ ခေါ်တာပေါ့။ ဒါပေမဲ့ ဒီအချိန် ဘယ်သူအားမလဲ မသိဘူး"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now