176

284 49 0
                                    

Chapter 176: မျှော်လင့်ချက်မဲ့ခြင်း

ခြေလျင်တပ်သားများ နီးသထက်နီးလာသည်ကိုကြည့်၍ ဇူအန် အချိန်မဖြုန်းရဲတော့ပေ။ ရှောင်းရွှယ်ယင် မြင်းမစီးနိုင်တော့သည်ကို သိ၍ သူမကိုပွေ့ကာ မြင်းတစ်စီးတည်း အတူစီးလိုက်သည်။

အဝတ်တစ်ခုဖြင့် ရှောင်းရွှယ်ယင်ကို သူ့ကိုယ်ပေါ် စည်း၍ ပေါင်ပေါ်တင်လိုက်ပြီး မြင်းပေါ်ခွ၍ အပြင်းစိုင်းတော့သည်။

သူတို့၏ အနေအထားကြောင့် ရှောင်းရွှယ်ယင် အရှက်ရနေသည်။ သူတို့နှစ်ယောက်က မြင်းပေါ်တွင် မျက်နှာချင်းဆိုင်ထိုင်နေပြီး ပြုတ်မကျရန် သူ့ခြေထောက်များက ဇူအန်ကို သိုင်းချိတ်ထားရသည်။

သူမကိုယ်လေးက သေးသွယ်၍ တော်သေးသည်။ မဟုတ်ပါက ဇူအန်လမ်းကို မြင်ရမည်မဟုတ်ပေ။

လက်ခံရန် ခက်ခဲသော်လည်း ဒီနည်းလမ်းက လက်ရှိအခြေအနေတွင် အကောင်းဆုံးဖြစ်ကြောင်း သဘောပေါက်သည်။ဇူအန်သာ သူမကိုထားခဲ့လျှင် ခြေလျင်တပ်သားများကြောင့် တစ်စစီ ဖြစ်သွားရလိမ့်မည်။ သူမတစ်ယောက်တည်းမြင်းမစီးနိုင်၍ ဇူအန်ကို ကိုင်ထားရခြင်းကပင် အတော်လေး အားကုန်သုံးထားရခြင်းဖြစ်သည်။ ဒီအနေအထားက ဇူအန်လှုပ်ရှားမှုကို မတားဆီးရန် တစ်ခုတည်းသော နည်းဖြစ်သည်။

သို့သော် ဒီအနေအထားက ရှက်စရာကောင်းလွန်းတာ အမှန်ပင်။ ဒီအနေအထားတွင် စကားပြောရန်ပင် ရှက်လွန်း၍ ဇူအန်ပုခုံးကိုမီကာ သတိလစ်ချင်ယောင်သာ ဆောင်နိုင်တော့သည်။

ထိုစဉ် ဇူအန်လည်း သာယာရန် အချိန်မရှိပေ။ ရှောင်းရွှယ်ယင်ကိုယ်က ပေါ့ပါး၍ ကံကောင်းသည်ဟု တွေးနေသည်။
မြင်းကိုနှင်ရင်း ခြေလျင်တပ်သားများ၏ အစီအရင်ကို လေ့လာကာ ဖောက်ထွက်ရန် နည်းလမ်းရှာနေသည်။

တပ်သားများက ဇူအန်သူတို့ဘေးဘက်ကို ရောက်လာကြောင်းသတိထားမိသော် ချက်ချင်း ဘေးလှည့်ကာ မျက်နှာချင်းဆိုင်လိုက်သည်။ သို့သော် ဒါကို ဇူအန် တွေးထားပြီးသားပင်။ ဓာတ်မီးထိုး၍ သူတို့အစီအရင်ကို သေချာလေ့လာကာ အခွင့်အရေးစောင့်နေသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now