101

293 48 0
                                    

Chapter 101. ဝူအိမ် သခင်မလေး

သို့သော် ဇူအန်အတွေးများက ကောင်းကင်အခန်းတွင် သင်ရမည့် အတွက်အချက်သင်ခန်းစာချိန်ကို ပြန်ရောက်သွားသည်။ ဒါက သူပထမဆုံးအကြိမ် မျက်နှာပြခြင်းပင်။ အတန်းကို ပုံမှန်ဝင်ရောက်ခြင်းက သူ့ထူးခြားမှုကို မဖော်ပြနိုင်ပေ။

နည်းလမ်းစဉ်းစားပြီးနောက် ဇူအန် အတွေးတစ်ခု ပေါ်လာသည်။ သူက စီမံခန့်ခွဲရေးရုံးကို အပြေးသွားလိုက်သော်လည်း ရှန်းလျှို့ယီက အိပ်ဆောင်တွင်ရှိနေသည်ဟု ဝန်ထမ်းက ပြောလေသည်။ထို့ကြောင့် ဇူအန် ဝန်ထမ်းအိမ်ရာသို့ ထပ်ဦးတည်လိုက်သည်။

ထိုအရာကိုမြင်သော် ဝန်ထမ်းက ဇူအန်ကို လှောင်လိုက်သေးသည်။

"လာပြန်ပြီ နောက်တစ်ယောက်ရှန်းဆရာမကို ကပ်ပြန်ပြီ "

"ရှန်းဆရာမ စွဲဆောင်မှုက တကယ့်အဆင့်မြင့်တယ်။ ကျောင်းစည်းကမ်းဆရာလုဒီ ရှန်းဆရာမရဲ့ အာရုံစိုက်ခံရအောင် နည်းမျိုးစုံလုပ်နေတာ မမြင်ဘူးလား"

"နေပါဦး လုဒီမှာ မိန်းမရှိပြီးသား မဟုတ်ဘူးလား"

"အဲ့တာက သက်လတ်ပိုင်းလူကြီးရဲ့ ဒုတိယအချစ်လေ မင်းသိသင့်ပါတယ်"

"ဆရာလုက ထားပါတော့ ။ ဒီဆရာပေါက်စတောင် ရှန်းဆရာမကို ပိုးပန်းချင်နေတယ်။ သူ့နေရာသူ သိသင့်တယ်"

"ရှန်းဆရာမကသူ့အိမ်ဝန်းကို ဘယ်သူမှ ဝင်ခွင့်မပြုတာ မင်းဘာလို့ သူ့ကို မပြောလိုက်တာလဲ။ အဲ့ဒီလူ ကြိုးစားသမျှ သဲထဲရေသွန် ဖြစ်တော့မှာပဲ"

"ဟမ့် အဝါရောင်ခန်းက ကျောင်းသားတစ်ယောက်က အဆက်အသွယ်တွေဘာတွေကြောင့် ဆရာဖြစ်လာတာ။ ခံရတာတောင် နည်းသေးတယ်"

....

ရုံးခန်းထဲတွင် ရယ်စရာအဖြစ်သတ်မှတ်ခံရခြင်းကို မသိဘဲ ဇူအန် ဝန်ထမ်းအိမ်ရာကို အပြေးရောက်လာသည်။ ဝန်ထမ်း၏ လမ်းညွှန်သည့်အတိုင်း ရှန်းလျှို့ယီ အိပ်ဆောင်ကို ရောက်လာလေသည်။

“ဒေါက် ဒေါက် ဒေါက်…”
ဇူအန် တံခါးခေါက်လိုက်သည်။

တစ်ချိန်တည်းမှာပဲ သူ့သော့ကို ထုတ်၍ စမ်းကြည့်လိုက်သော်လည်း ဘာမှ မထူးပေ။ အမှန်ပဲ အကယ်ဒမီက ဒီလို အဆင့်နိမ့်နိမ့်အမှားမျိုး ပြုလုပ်မည်မဟုတ်ပေ။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now