65

318 53 0
                                    

Chapyer 65.စိတ်ပျက်အားလျော့ခြင်း

ဇူအန် အမျက်ပွိုင့်များ ပျော်ရွှင်စွာ ရိတ်သိမ်းနေလေသည်။ မေချောက်ဖုန်း၏ သီးသန့်ဆွေးနွေးခြင်းကို ငြင်းပယ်ရန် ပို၍ ဆုံးဖြတ်ချက် ခိုင်မာသွားသည်။

ဇူအန်၏ အောင်နိုင်သူအပြုံးက မေချောက်ဖုန်းကို ပိုဒေါသထွက်စေသည်။
အရင်တစ်လအလိုက ဒီအမှိုက်က ငါ့ရှေ့ရပ်ဖို့တောင် မထိုက်တန်တာ ။ ငါ့အောက်ကလူတွေကိုတောင် လေးလေးစားစား ဆက်ဆံနေရတာ။
အခုတော့ ရက်အနည်းငယ်အတွင်း ငါနဲ့ တန်းတူရပ်နေတဲ့အပြင် ငါ့ကိုပါ ပေါ်တင် ခြိမ်းခြောက်လိုက်သေးတယ်။ ချီးပဲ။ ငါ အငယ်တုန်းက ငါ့ကိုယ်ငါ ရောင်းစားခဲ့ရမှာ

သင်သည် မေချောက်ဖုန်း ထံမှ အမျက်ပွိုင့် ၆၆၆ ရယူလိုက်သည်။

မေချောက်ဖုန်း နောက်ထပ် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဟန်မပျက်အောင် လုပ်လိုက်သည်။ သူဒီနေ့တော့ အများကြီး လုပ်ရမယ် ထင်သည်။ သူက ငယ်သားများကို လက်ယပ်ခေါ်၍
"ဟေ့ မက်မွန်ပွင့် ၇ ကိုခေါ်လာခဲ့"

အသံတစ်ခုကြား၍ ကြောက်လန့်နေပုံရသော မက်မွန်ပွင့် ၇ကို ဆွဲခေါ်လာသည့် သူ့နောက်လိုက်များ ပေါ်လာသည်။ မက်မွန်ပွင့် ၇ မေချောက်ဖုန်းကို မြင်သည်နှင့် ဒူးထောက်လိုက်ပြီး မေချောက်ဖုန်းခြထောက်ကိုဖက်ကာ ပက်ချွဲနှပ်ချွဲ ငိုလေသည်။

"မွေးစားအဖေ ကျွန်တော်က အဖေ့ကို စိတ်ပျက်စေမိပြီ။ ဒီလို ပြဿနာအကြီးကြီး ပေးလိုက်မိတယ်"

ငိုကြွေးနေသော မွေစားသားကို တစ်ချက်မကြည့်ဘဲ အေးစက်စွာ ကန်ထုတ်လိုက်သည်။
"အရင်လောင်းကစားက မက်မွန်ပွင့် ၇ သူ့သဘောနဲ့ သူ လုပ်တာ။ ကျုပ်တို့ လောင်းကစားရုံက သဘောတူတာမဟုတ်ဘူး။ မင်းပိုက်ဆံလိုချင်ရင် သူ့ဆီကတောင်း။
မက်မွန်ပွင့် ၇ က ဂိုဏ်းစည်းကမ်းဖောက်ဖျက်ပြီး ဂိုဏ်းကို အရှက်ရစေတဲ့အတွက် ကျုပ်ဒီနေရာမှာပဲ သူ့ကို မက်မွန်ပွင့်ဂိုဏ်းမှ ရာသက်ပန် ထုတ်ပယ်ကြောင်း အားလုံးကိုကြေညာလိုက်မယ်။"

"မွေးစားအဖေ..ခေါင်းဆောင်..ကျွန်တော့်ကို အဲ့လို လုပ်လို့မရဘူးလေ။ ဂိုဏ်းအတွက် ဒီနှစ်တွေမှာ ကျုပ်ဘယ်လောက်တောင် အလုပ်လုပ်ပေးခဲ့ရလဲ" သူအစွန့်ပစ်ခံရကြောင်း မက်မွန်ပွင့် ၇ တန်းသိလိုက်သည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now