109

300 46 0
                                    

Chapter 109. ဦးထုပ်ဆောင်းထားတာနဲ့ ငါက မမှတ်မိတော့ဘူးထင်လို့လား

"စနိုးမိန်းကလေး စိတ်ပူစရာမလိုပါဘူး။ ကျုပ်တို့ ကြိုတင်ပြင်ဆင်ပြီးသား" ယွမ်ဝမ်ဒုံ ပြုံး၍ ပုစဉ်းတောင်ပံလို ပါးလွှာသော မျက်နှာဖုံးတစ်ခု ထုတ်လိုက်သည်။
"ဒါက ကျုပ်တို့အိမ်တော်ရဲ့ မှော်မျဉ်းဆွဲတဲ့လူတစ်ယောက် လုပ်ထားတဲ့ မျက်နှာဖုံး ။ဒါသုံးပြီး လူငယ်တစ်ယောက်လို အယောင်ဆောင်နိုင်လိမ့်မယ်"

ယွမ်အိမ်က ချူအိမ်ကို စိန်ခေါ်ရဲရသော အကြောင်းတစ်ခုက သူတို့တွင် ဝူအိမ်နောက်ခံရှိနေသောကြောင့်ပင်။ ဝူအိမ်က ပြိုင်ပွဲတွင် ကူညီရန် ပညာရှင်အချို့ စေလွှတ်ထားပြီးသားပင်။

ချူအိမ်ရော ယွမ်အိမ်ပါ နောက်ကွယ်ကိစ္စများကို သိနေသည့်တိုင် အပေါ်ယံတော့ ဟန်ဆောင်ရပေလိမ့်မည်။ မဟုတ်ပါက ယွမ်အိမ်မှ ယှဉ်ပြိုင်သူတိုင်းက ဝူအိမ်ကမှန်း လူတိုင်းသိသွားပါလျှင် ယွမ်အိမ်လည်း အရှက်ရပေလိမ့်မည်။

ဒီပြဿမာကိုဖြေရှင်းရန် ယွမ်အိမ်နှင့် ဝူအိမ်က အဖြေတစ်ခု ထုတ်လိုက်သည်။ထိုအရာက မျက်နှာဖုံးများဖြင့် အသွင်ပြောင်းခြင်းပင်။ ထိုမျက်နှာဖုံးများက လူမျက်နှာနှင့် ချွတ်ဆွတ်တူ၍ အနီးကပ်သေချာမကြည့်လျှင် သိနိုင်စရာ မရှိချေ။

စနိုးက တစ်ချိန်တည်းမှာပင် အံ့သြ၍ ထိပ်လန့်သွားသည်။
"ဒီလိုမျက်နှာဖုံးတွေနဲ့ လူတိုင်းလို အတုခိုးလို့ ရသွားပြီ မဟုတ်ဘူးလား "

တစ်စုံတစ်ယောက်ကသာ သူမ၏ သခင်လေးကို အတုခိုးလျှင် စနိုးခွဲခြားနိုင်မည် မဟုတ်ပေ။

ယွမ်ဝမ်ဒုံ ထိုမေးခွန်းကို ခေါင်းယမ်း၍ ပြန်ဖြေသည်။
"လူတစ်ယောက်ကို အတုခိုးဖို့ ဒီလောက်မလွယ်ဘူးလေ။ မျက်နှာဖုံးက ဘယ်လောက်ကောင်းကောင်း ဒါက လူတစ်ယောက်ရဲ့ မျက်နှာကိုပဲ အတုခိုးနိုင်တာ။ လူစားထိုးဖို့က ဒီထက်ပိုပြီး အများကြီးလိုသေးတယ်။ ဥပမာ အသံ၊အမူအရာ၊အကျင့် အဲ့တာတွေပေါ့"

အမှန်တော့ ယွမ်ဝမ်ဒုံ ထိုမျက်နှာဖုံးများကို မြင်စဉ်က သူလည်း ထိုသို့တွေးဖူးသည်။ သူက လိုချင်သောသူကို လူစားထိုး၍ သူများအိမ်ထဲဝင် သူများမိန်းမနှင့် အိပ်ရန် စိတ်ကူးယဉ်ဖူးသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now