47

331 61 0
                                    

Chapter 47. ကပ်စားတာလည်း အစွမ်းအစလိုတယ်

လူအုပ်က ရီချန်းလျန်စကားကို ဝိုင်းထောက်ခံကြသည်။

ချူဟွမ်ကျောက် မျက်နှာများ ပူလာပြီး
"နင် ဘာ ပေါက်ကရတွေ ပြောနေတာလဲ" စိတ်တိုစွာ ငိုကြွေးခြင်းကြာပွတ်ကို ယမ်းလိုက်သည်။

ရီချန်းလျန် ကြိုတင်ပြင်ဆင်ထား၍ ဘေးကိုရှောင်လိုက်သည်။ ထို့နောက် မေးခွန်းထပ်မေးသည်။
"ချူဟွမ်ကျောက် မင်းငါနဲ့ ယှဉ်တိုက်မလို့လား"

"နင်ရဲ့နံစော်နေတဲ့ ပါးစပ်ကို ဆွဲဖြဲနိုင်အောင်လို့ ငါနင်နဲ့ ယှဉ်တိုက်မှာ" ချူဟွမ်ကျောက် ပြောရင်း နောက်တစ်ချက် ထပ်ရိုက်လေသည်။

"ငါ ယှဉ်ပြိုင်ချင်တာက အဲ့ဒီဇူအလကားကောင်ကိုလေ။ မင်းက ဘာကိစ္စဝင်ပါနေရတာလဲ။ တကယ်ပဲ မင်းတို့နှစ်ယောက် ပတ်သက်နေလို့လား" သူမ ရိုက်ချက်များကို ရှောင်လိုက်ပြီး ကျယ်လောင်စွာအော်ပြောလေသည်။

သူက ချူဟွမ်ကျောက် နှင့် တိုက်ခိုက်လိုစိတ်မရှိပေ။ သူမ၏ အဆင့်အတန်းအပြင် ငိုကြွေးခြင်းကြာပွတ်၏ အရသာလည်း နောက်တစ်ကြိမ် အရိုက်မခံချင်ပေ။

ချူဟွမ်ကျောက် မျက်နှာတစ်ခုလုံး နီရဲလာသည်။ သူမက ရီချန်းလျန်ကို သေချာရိုက်မိရန်သာ အားခဲ၍ လွှဲနေလေသည်။

ရီချန်းလျန် အသည်းအသန်ရှောင်၍ ဇူအန်ကို လှမ်းစိန်ခေါ်လေသည်။
"ဇူမျိုးရိုး အလကားကောင် မင်းက ယောက်ျားရော ဟုတ်သေးလား။ မိန်းမတွေကို မှီခိုဖို့ပဲ တတ်သလား။ သတ္တိရှိရင် ငါနဲ့လာတိုက်"

ဇူအန် ပုခုံးတွန့်ပြလေသည်။
"အကူရှာနိုင်တာ ငါ့အရည်အချင်းနဲ့ငါလေ။ ငါ့အစား လုပ်ပေးမယ့် တစ်ခြားလူရှိနေတာ ငါကိုယ်တိုင်လုပ်စရာလိုသေးလို့လား။ မင်းကိုယ်မင်း အားကောင်းတယ်ထင်ရင် မင်းကိုယ်စား ထွက်လာပေးမယ့် မိန်းကလေးတစ်ယောက် သွားရှာလာခဲ့။ ဟမ့်။ မင်းမျက်နှာကို ကြည့်ရတာ ငွေပေးရင်တောင် ဘယ်သူမှ လိုချင်စရာ မရှိတဲ့ရုပ်နဲ့"

သင်သည် ရီချန်းလျန် ထံမှ အမျက်ပွိုင့် ၂၃၃ ရယူလိုက်သည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now