8

609 65 2
                                    

Chapter 8: ကိုကြီးနွေဦးတွင် ယုံကြည်မှု

လောင်မိုင်မျက်နှာမှ သံသယများကင်းစင်သွားပြီး
"ငါက မင်းဘယ်လို ငိုကြွေးခြင်းကြာပွတ် ရဲ့ ဒဏ်ကို ခံနိုင်လဲ စဉ်းစားနေတာ။ မင်းကသိတ်ဓာတ် ခိုင်မာသားပဲ။ စိတ်ခွန်အားကတော့ လေးစားစရာပဲ"

ဇူအန်မှာတော့ ဆဲနိုင်သမျှအဆဲအားလုံးကို စိတ်ထဲတွင် ရွတ်နေလေသည်။ သူ ပထမဆုံး ယောင်ယောင်ကန်းကန်းဖြင့် တွေးမိသည်က
ငါ ကြည်နူးခြင်းဘောအတု ရထားတာလား။ အဲ့တာက နာကျင်မှုကို ခံနိုင်ရည်ရှိရမှာလေ။ ဘာလို့ သေအောင်နာလာရတာလဲ။

တစ်စက္ကန့်နေမှ ဇူအန်နားလည်သွားသည်။
ထိုဘောက တစ်နာရီသာခံ၍ ၎င်းတစ်နာရီမှာ ကုန်ဆုံးသွားလေပြီ။ ထိုအရာက ကြာပွတ်၏အဆများစွာထိခိုက်မှုကို တားဆီးပေးသော်လည်း ဒဏ်ရာများမှာ အစိမ်းသက်သက်သာ ဖြစ်နေသေးသည်။ယခု ထိုဘော၏အသုံးဝင်ချိန် ကုန်သွားတာကြောင့် နာကျင်လာရခြင်းပင်။

လောင်မိုင်က သူ့ဒဏ်ရာများကို စစ်ဆေးကြည့်သည်။
"မင်းကိုယ်မင်း ကံကောင်းတယ်လို့မှတ်လိုက် ကောင်လေး။ အဲ့ကလေးမသာ မင်းကိုနောက်တစ်ချက်ထပ်ရိုက်ရင် မင်းအသက်ပါသွားပြီ။ မင်းခန္တာကိုယ်က သည်းမခံနိုင်လောက်အောင် အားနည်းပေမဲ့ မင်းအဲ့လောက် တောင့်ခံနိုင်တာကို ငါအံ့သြတယ်" လောင်မိုင် တအံ့တသြပြောလေသည်။

ထိုအခါမှ ဇူအန် ကြည်နူးခြင်းဘော၏ နောက်ထပ်အသုံးဝင်မှုတစ်ခုကို ပြန်စဉ်းစားမိလေသည်။
အဲ့တာက သင့်ထက်ပိုချမ်းသာသော အမျိုးသမီး၏ သေစေနိုင်သော ဒဏ်ရာဟူသမျှက ချက်ချင်းမသေသွားစေရန် ဆိုလားပဲ။ ဟေး..ဒီလိုဆို ငါကချမ်းသာတဲ့အမျိုးသမီးနဲ့ဆိုရင် အားသာချက်ရှိသွားတာမလား။

သူ့ကိုယ်သူ စိတ်ထဲမှ ပါးရိုက်လိုက်သည်။
ဘယ်လိုယောက်ျားက မိန်းမတွေနဲ့ ပြိုင်ပြီး ရန်ဖြစ်မှာလဲ။

ထိုအရာအပြင် ကြည်နူးခြင်းဘော၏ အသုံးဝင်မှုမှာ လက်တွေ့သိပ်မကျပေ။

လောင်မိုင်က သူ့အင်္ကျီလက်ထဲမှ ဆေးပုလင်းတစ်ခုထုတ်၍ ဇူအန်အနာများကို ဖြန်းလိုက်သည်။
"ဒီဆေးပုလင်းနှစ်ခုကို ယူထား။ တစ်ခုက လိမ်းဖို့ တစ်ခုက သောက်ဖို့ ။ နောက်ရက်တွေမှာ အနားယူလိုက်။ မသေစေနဲ့ဦး"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Unde poveștirile trăiesc. Descoperă acum