43

337 55 0
                                    

Chapter 43: ထန်စန်း

"မင်းဘာသာဝင်လိုက်။ ကျောင်းအုပ်နဲ့ တွေ့ပြီးရင် မင်းအခန်းကို ကိုယ့်ဘာသာပြန်တော့"ဝန်ထမ်းက မှာလိုက်သည်။ ကျောင်းအုပ်စကားတွင် ဝန်ထမ်းကို မဝင်ခိုင်းသည်မှာ သိသာလေသည်။ သူ့နေရာသူသိ၍ ဝန်ထမ်းက နောက်ဆုတ်လေသည်။

ရုံးခန်းတံခါးသည် အတော်လေးသည်။ ဇူအန် တံခါးဖွင့်၍ ဝင်သည်။ အခန်းအလယ်တွင် ရှိသော စားပွဲအကြီးကြီးကို တွေ့လိုက်ရသည်။
ဘာသားဖြင့်ထုထားမှန်း ဇူအန် မသိသော်လည်း တစ်ချက်ကြည့်ရုံဖြင့် အပေါစားမဟုတ်မှန်း သိလေသည်။

စားပွဲဘေးတွင် စာအုပ်ပေါင်းများစွာ စီရီထားသော စာအုပ်စင်လည်း ရှိသည်။ ဇူအန်က သူ၏ကောင်းမွန်လှသော အမြင်အာရုံဖြင့် စာအုပ်ခေါင်းစဉ်ကို ဖတ်ရန် ကြိုးစားကြည့်သော်လည်း မည်မျှပင် အာရုံစိုက်စိုက် ဝါးနေကြောင်း အံ့သြစွာ တွေ့လိုက်ရသည်။ ဤအကွာအဝေးသည် ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် သင့်သည်ပင်။

ဘေးမှ အသံတစ်ခု ထွက်လာသည်။
"မင်းက ဇူအန် လား"

ဇူအန် လှည့်ကြည့်၍ အခန်းဘေးတစ်နေရာရှိ ဆိုဖာပေါ်တွင် ထိုင်နေသော ကျောင်းအုပ်ကို တွေ့လိုက်ရသည်။

သူ့မျက်လုံးထဲ ပထမဆုံးဝင်လာသည်မှာ သူမ၏ ရှည်လျားပြီး ဆွဲဆောင်မှုရှိလှသော ခြေထောက်များပင်။ သူမ၏ ပေါင်တံနှင့် A ပုံစံ စကပ်သည် ယောက်ျားတစ်ယောက်၏ စွန့်စားရှာဖွေလိုမှုကို နှိုးဆွနေလေသည်။

သူမရဲ့ ကိုယ်ကျပ်အင်္ကျီက ရင်ဘတ်ကို ပေါ်လွင်စေပြီး သူမ၏ သွယ်လျသော ငန်းလည်ပင်းနှင့် ကျက်သရေရှိစွာ ထုံးထားသော ဆံပင်သည် လှပ၍ စင်းလုံးချောနေသော မျက်နှာကို ပိုမို ထင်ရှားစေသည်။သူမတစ်ကိုယ်လုံးမှ တော်ဝင်၍ မြင့်မြတ်သော အရှိန်အဝါကို လွှင့်ထူနေလေသည်။

သူသည် အိပ်မက်ချစ်သူစာရင်း၏ နံပါတ်၄ - လပြည့်ဝန်းအကယ်ဒမီ၏ ကျောင်းအုပ် ကျန်းလော့ဖူပင် ဖြစ်လေသည်။

"မြင်ရတာ ကျေနပ်နေလား" ကျန်းလော့ဖူ လက်ချောင်းများကို ယှက်လိုက်ပြီး ဇူအန်ကို မေးလိုက်သည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now