170

273 40 0
                                    

Chapter 170: ကျက်သီးထစရာ

နောက်ဆုံးတွင် ဇူအန် ခံစားချက်ပြန်ထိန်းလိုက်သည်။ “ဘာ ဆုံးဖြတ်ချက်ချရမှာလဲ”

“ငါ့ရဲ့ အချိတ်အပိတ် ကို ချိုးဖျက်ဖို့ ကူညီပေး။ ဒီနေရာမှာ ကျန်းဟန်ကို ကိုင်တွယ်နိုင်တာ ငါ တစ်ယောက်ပဲ ရှိတယ်” မိန်လိ ၏ အသံတွင် နန်းဆန်သော အငွေ့အသက်ပါနေသည်။

“အော်” နောက်ဆုံးတွင် ဇူအန် အခြေအနေကို သိမြင်လိုက်သည်။ “ဒါဆိုရင် ခင်ဗျားက အဲ့ဒီ သေလွန်ဝိညာဉ်တွေ နဲ့ ရှုပ်ထွေးအောင်လုပ်ဖို့အတွက် ကျုပ်ကို မှေးမှိန်ကြာပွင့် ခူးမိအောင် မျှားခဲ့တာပေါ့လေ။ ဒါမှပဲ ဒီအခွင့်အရေးကို သုံးပြီးတော့ ထွက်ပြေးဖို့မလား”

“ပြဿနာရှိလို့လား။ ကိုယ်ပိုင်တဲ့ အရာအားလုံး ကို အသုံးချတာ သာမန်ပဲလေ” မိန်လိ ဖြေလိုက်သည်။

“ခင်ဗျားက အဲ့ဒီလောက်တောင် စွမ်းအားကြီးနေရင် ဘာဖြစ်လို့ ကိုယ့်ရဲ့ အချိတ်အပိတ်ကို ချိုးဖျက်ပြီးတော့ ကျန်းဟန်ကို သွား ရင်မဆိုင်တာလဲ။ ဘာဖြစ်လို့ ဒီလိုမျိုး ကွေ့ဝိုက်နေရတာလဲ” ဇူအန် ပြန်လည်ချေပလိုက်သည်။

“အရူးလား။ ဒီအချိတ်အပိတ်က သူ့ရဲ့ အင်ပါယာစွမ်းအားကို သုံးပြီးတော့ ယင်ကျန်း တည်ဆောက်ထားတာပဲ။ ဘယ်လိုလုပ် အဲ့ဒီလို လွယ်လွယ်နဲ့ ချိုးဖျက်လို့ရမှာလဲ”
သင်သည် မိန်လိ ထံမှ အမျက်ပွိုင့် ၂၃၃ ရရှိလိုက်သည်။

“ဒါပေမယ့် ခင်ဗျားပြောတာ အမှန်လား အမှားလားဆိုတာကို ကျုပ်မသိဘူးလေ။ ကျုပ်ကြားထားတဲ့ အတိုင်းဆိုရင် ခင်ဗျားက ကျန်းဟန် ထက်တောင် ပိုပြီး ကြောက်စရာကောင်းသေးတယ်။ ကျုပ်အမြင်မှာ ချိတ်ပိတ်ခံထားရတဲ့ လူတွေအကုန်လုံးက အဆိုးရွားဆုံး မိစ္ဆာတွေချည်းပဲ။ အကယ်၍ ခင်ဗျားကသာ လူဆိုးတစ်ယောက်ဆိုရင် ခင်ဗျားကို ကယ်လိုက်တဲ့အခါ ကိုယ့်ကိုယ်ကို အန္တရာယ်တွင်းထဲ တွန်းပို့လိုက်သလို မဖြစ်နေဘူးလား”

ထိုစကားများကို ဇူအန် ပြောလိုက်သော်လည်း သူသည် မိန်လိ ၏ သိမ်းသွင်းခြင်းကို အနည်းနှင့်အများ လက်ခံနေပြီးဖြစ်သည်။ သူမ ပြောခဲ့သော အသေးစိတ်အချက်အလက်များသည် သူ သိနေသော သမိုင်းဇာတ်ကြောင်း နှင့် တစ်ထပ်တည်းကျနေသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now