56

334 60 0
                                    

Chapter 56. သမက်၊ ယောက်က္ခမ ဆက်ဆံရေး

ချူချူယန် မျက်နှာ နီရဲလာသည်။ လူပေါင်းများစွာက သူမအလှကို ချီးမွမ်းဖူးကြသော်လည်း သွယ်ဝိုက်၍သာ ပြောကြခြင်းပင်။ ယခုအကြိမ်က ပထမဆုံး လူတစ်ယောက်က သူမကို တိုက်ရိုက်ပေါ်တင် ချီးမွမ်းခြင်းပင်။ ထိုအရာက သူ့ကို အနည်းငယ် ရှိုးတိုးရှန့်တန်းဖြစ်စေသည်။

ထိုစဉ် ချင်ဝမ်ယွီ မျက်မှောင်များ ပိုကြုံ့လာလေသည်။
ဒီကောင်က တကယ်လျှာသွက်တယ်။ ကြည့်လေ အမြင်ကတ်စရာ ကောင်းလေပဲ။

ချူကျုန်းထန် အသာ ချောင်းဆိုးလိုက်သည်။
"ထမင်းစားဝိုင်းမှာ စကားပြောတာက မယဉ်ကျေးဘူး" သူက ဇူအန်ကို သတိပေးလိုက်သည်။

ဇူအန် စကားမပြောရန် ဆုံးဖြတ်လိုက်ပြီး တိတ်တဆိတ် ဆက်စားကြလေသည်။ မကြာခင် ထမင်းဝိုင်းပြီးသွား၍ အာလုတ်ကျင်းရန် အစေခံများ ဆားရည်လာပို့ပြီး ပန်းကန်များ သိမ်းကြသည်။
ဇူအန်က နားမလည်ပေ။ ခါတိုင်းဆို ထမင်းကို သူ့အခန်းထဲ လာပို့သည်။ ဒီနေ့မှ လူစု၍ စားနေခြင်းပင်။ ဒါက အိမ်ထဲမှာ လက်ခံစပြုလာပြီဆိုတဲ့ လက္ခဏာလား။

သူစဉ်းစားနေတုန်း ချူကျုန်းထန် စကားစသည်။
"ချူယန် မင်း လုလင်ကို သွားတဲ့ကိစ္စ ဘယ်လိုနေလဲ"

ဇူအန် အံ့သြသွားသည်။ သူတို့က သူ့ရှေ့မှာ စီးပွားရေးအကြောင်းပြောမလို့လား။ သူ့ကို အပြင်လူအဖြစ် မမြင်တော့ဘူးလား။

"ကျွန်မ စုံစမ်းပြီးပြီ ကြည့်ရတာ ပစ္စည်းတွေက အနက်ရောင်လေခံတပ်က ဖြတ်လုသွားပုံပဲ။ ကျွန်မ နယ်မြေတစ်ဝိုက်ကို ရှာကြည့်ပေမဲ့ သူတို့က အငွေ့ပျံသွားသလိုပဲ။ သဲလွန်စတစ်ခုမှ ရှာလို့မရဘူး" ချူချူယန် ပြန်ဖြေသည်။

အနက်ရောင်လေခံတပ် လား...ဇူအန် အတွေးနက်နေသည်။
အရင်နှစ်ရက်က သူ ယုယွမ်လော့နှင့်တွေ့ချိန်ကလည်း ထိုဂိုဏ်းက ဓားပြအုပ်စုတစ်ခုပင်။ ထိုကိစ္စကို တွေးမိလိုက်လျှင်ပင် ဇူအန်ကို စိတ်တိုစေသည်။ ယုယွမ်လော့က သူ့ကို စကားသက်သက် ဂတိပေးသွားပြီး ပျောက်ကွယ်သွားလေသည်။ အမှန်တော့ မိန်းမတစ်ယောက်ပိုလှလေ ပိုကောက်ကျစ်လေပေ။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now