120

320 47 1
                                    

Chapter 120.

ချူကျုန်းထန် နှစ်သိမ့်လိုက်သည်။
"ဇူအန်က တိုက်ပွဲအတွေ့အကြုံ မရှိလို့ဖြစ်မှာပါ။ သူ့အပေါ် သိပ်မပြင်းထန်ပါနဲ့။ သူ့ရဲ့ ခုနက လုပ်ဆောင်မှုက ငါတို့အတွက် အံ့သြစရာဖြစ်နေပြီးပြီ"

ချင်ဝမ်ယွီ မနေနိုင်ဘဲ ထပ်ပြောလိုက်သည်။
"သူ့အတွက် အစက မျှော်လင့်ချက်မထားတာ မှန်ပေမဲ့ သူ့မှာ ဒီလောက်ကောင်းတဲ့ သိုင်းရှိနေတာပဲ။ သူ့မှာ ဒီလိုအစွမ်းအစရှိနေရင် အနိုင်ရဖို့ မျှော်လင့်ချက် မရှိတာမှ မဟုတ်တာ။ ဒါပေမဲ့ သူက အဲ့တာကို ယွမ်ဝမ်ဒုံကို အရှက်ခွဲတဲ့နေရာမှာ သုံးလိုက်တယ်။ ပြီးတော့ နောက်ခံ ဆိုလား ဘာလားကို လုပ်ဖို့တောင် အချိန်ပိုနေသေးတယ်။ သူဖြုန်းလိုက်တဲ့အချိန်မှာ ယွမ်ဝမ်ဒုံက တကယ်တိုက်ဖို့ပြင်လိုက်ပြီ။ ဒါကို ကျွန်မ စိတ်မတိုဘဲ နေနိုင်မလား"

သူမအမြင်တွင် ဇူအန်က ခြေလှမ်းသိုင်းကို အသုံးချ၍ ယွမ်ဝမ်ဒုံကို အမှတ်မထင်တိုက်လိုက်ပါက ဒီအချိန် နိုင်ပြီးနေလောက်ပြီ။ သို့သော် သူက ပါးနှစ်ချက်သာ ရိုက်လိုက်သည်။ ထိုအရာက ယွမ်အိမ်၏ မျက်နှာကို ကျဆင်းစေသော်လည်း ယွမ်ဝမ်ဒုံကို သတိပေးသလို ဖြစ်သွားသည်။ အဆင့် ၅ ကျင့်ကြံသူတစ်ယောက် အလေးအနက်တိုက်လျှင် လှုပ်ရှားမှုတစ်ခုတည်းဖြင့် အမီလိုက်နိုင်သည် မဟုတ်ပေ။

ဒီပြိုင်ပွဲက ချူအိမ်အတွက် အလွန်အရေးကြီးလေသည်။ ဇူအန် အစတည်းက အရှုံးပေးလိုက်လျှင် သူဒီလောက်ထိ စိတ်တိုမည်မဟုတ်။ သို့သော် မျှော်လင့်ချက်တစ်ခုပေါ်လာပြီးမှ ဖြည်းဖြည်းချင်း ပြန်ပျောက်သွားခြင်းပင်။ အလွန်နီးကပ်ပြီးမှ ပြန်ဝေးကွာသွားရသော ခံစားချက်က ရူးစေသည်။

ချူကျုန်းထန် သက်ပြင်းချလိုက်ပြီး ပြောလေသည်။
"သူက ငယ်သေးတယ်။ ဒီကိစ္စပြီးရင် သိသွားမှာပါ။ အခုချိန်မှာ ငါတို့ ဝင်တားဖို့ အသင့်ပြင်ထားရမယ်။ မဟုတ်ရင် ယွမ်ဝမ်ဒုံ ဓားအောက်မှာ သေသွားနိုင်တယ်"

ချူဟွမ်ကျောက် မနေနိုင်ဘဲ ထပ်ပြောလိုက်သည်။
"အဖေ အမေ ဘာလို့ ခဲအိုကို ယုံကြည်မှု မရှိရတာလဲ။ သူလုပ်နိုင်မယ်လို့ ကျွန်မတော့ ယုံတယ်"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now