85

319 55 0
                                    

Chapter 85. မင်းပဲလား

"ငါအကုန်မှားတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ မင်း အနိုင်ရဖို့ ပြောနေတာ ဖြစ်ရမယ်။ တစ်ခြားအကြောင်းပြချက်မရှိဘူး" ရန်ဝေ့ ဇူအန်ကို မျက်စောင်းထိုးလိုက်သည်။ သူက အနည်းဆုံး ၁၀ခု မှန်နိုင်သည် ဟု ယုံလေသည်။ သူအကုန်မှားတယ်ဆိုတာ လုံးဝလက်မခံနိုင်ပေ..။

"အမှန်ပဲ။ ဆရာရန်က ဘယ်လိုလုပ်ရှုံးမှာလဲ။ သူက ငါတို့ကျောင်းက အတွက်အချက်ဆရာလေ"

"ဇူအန်က လွန်လွန်းနေပြီ။ အနိုင်ရဖို့တောင် လိမ်နေသေးတယ်။ အဲ့တာက သူဘယ်လောက် ကောက်ကျစ်တာလဲ ပြနေတာပဲ"

...

ဇူအန် အစော်ကားခံနေရသော်လည်း စိတ်မတိုပေ။ သူက ရန်ဝေ့အဖြေစာရွက်ကို မြင့်မြင့်မြှောက်လိုက်ပြီး
"ကောင်းပြီလေ ဘာမှားလဲ ထောက်ပြရတာပေါ့ ပထမမေးခွန်းကိုကြည့်။ အဖြေမှန်က ၂နဲ့၂ ဖြစ်ရမှာ။ခင်ဗျားရေးထားတာ ၁၀ နဲ့ ၁၅။ ခင်ဗျားမှန်လိုမှန်ငြား လျှောက်ရေးလိုက်တာဖြစ်ရမယ်"

ရန်ဝေ့မျက်နှာ အရှက်ရ၍ နီရဲလာသည်။ သူကျပန်း နံပါတ်၂ခု ချရေးလိုက်ခြင်းပင်။ ပြဿနာကိုတွေးရင်း တွေးရင်း ပိုရှုပ်လာပြီး နောက်ဆုံးတော့ လက်လျှော့လိုက်ရသည်။ သို့သော် သူလက်ခံစရာအကြောင်း မရှိပေ။
"မင်းမေးခွန်းက အဓိပ္ပာယ်မှမရှိတာ။ ဒီဟာကို ဘယ်သူက ဖြေနိုင်မှာလဲ"

"အိုး..အဲ့လိုလား" ဇူအန် အထင်သေးစွာ ခေါင်းယမ်းလိုက်သည်။

"ခင်ဗျားနားမလည်မှတော့ ကျုပ်ရှင်းပြပါ့မယ်။ Aက ပေါင်းလဒ်ကို သိပေမဲ့ ဂဏန်းကို မသိဘူး။ တကယ်လို့ ပေါင်းလဒ်က ၂ ဒါမှမဟုတ် ၃ ဆိုရင် သူက (၁ နဲ့ ၁ ပေါင်း ၂) ဒါမှမဟုတ် (၁ နဲ့ ၂ ပေါင်း ၃)ဆိုပြီး တန်းသိမှာပါ။ အဲ့လိုပဲ ပေါင်းလဒ်က ၄၀ တို့ ၃၉ တို့သာဆိုရင် (၂၀+၂၀)နဲ့ (၂၀+၁၉)ဆိုပြီး သိလိမ့်မယ်။ အဲ့တာကြောင့် ဖြစ်နိုင်ခြေရှိတဲ့ ဂဏန်းက ၄နဲ့ ၃၈ ကြားထဲမှာပဲရှိတော့တယ်"

" ၄ ကို ဥပမာထားကြည့်ရအောင်။ ၄ ကသာ ပေါင်းလဒ်ဆိုရင် ဂဏန်း ၂ လုံးက (၁+၃)မဟုတ်ရင်(၂+၂)ပဲ။ အဲ့တာကြောင့် Aက ဘယ်ဟာမှန်လဲ မသိနိုင်တာ"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now