198

321 46 0
                                    

Chapter 198: ပျော်ရွှင်ခြင်းနှစ်ဆ

"ချူယန်" ဇူအန် အလန့်တကြား အော်လိုက်သည်။
သူ့ဒဏ်ရာများက ကောင်းကင်ဖီးနစ်ကျင့်စဉ်၏ ခံနိုင်ရည်ထက် ပိုလွန်နေ၍ ဇူအန် ဓားပြန်ဆွဲရန်ပင် အားမရှိပေ။

ဓားက ချူချူယန် ရင်ဘတ်ထဲစိုက်ဝင်သွားပြီး သွေးများထွက်လာသည်။

ဇူအန် ကြေကွဲသွားရသည်။ သို့သော် ဓားက ရပ်သွားသည်။
လက်စသတ်တော့ ညာလက်က ဓားကိုကိုင်ကာ အတင်းတားနေခြင်းပင်။ အတိအကျပြောရလျှင် မိန်လိက တားနေခြင်းပင်။

ဒါက နောက်ထပ်ထူးဆန်းသော မြင်ကွင်းပင်။ လက်တစ်ဖက်က ဓားကို ထိုးစိုက်နေပြီး နောက်တစ်ဖက်က ပြန်ဆွဲနေ၍ ဓားက နေရာတင် ရပ်နေသည်။

ဇူအန် ခေါင်းပူလာသည်။ ဓားက အချိန်အကြာကြီး ရပ်နေမှာမဟုတ်ကြောင်း သူသိသည်။ သူသာ မကူညီလျှင် မိန်လိမကြာခင် ခန္ဓာကိုယ်ကို ပြန်ရသွားနိုင်သည်။
သူ့ခွန်အားကို တဖြည်းဖြည်းပြန်စုစည်းနေသည်။ သူလုပ်ချင်လျှင် အားကုန်သုံးကာ ဓါးကိုတွန်းလိုက်ရုံပင်။ သို့သော် သူမလုပ်ရက်ပေ။

"သူ့ကိုကယ်ဖို့ ငါလုပ်နိုင်တာ တကယ်ဘာမှ မရှိဘူးလား" ဇူအန် အစွမ်းကုန်စဉ်းစားလိုက်သော်လည်း သူဒီလောကကို ရောက်တာမကြာသေး၍ ဗဟုသုတ လုံးဝမရှိပေ။ သူ့ရှိသမျှအားလုံးသုံးကာ မိန်လိကို ရင်ဆိုင်ပြီးလေပြီ။
ခဏလေး ငါမသုံးရတာ တစ်ခုကျန်သေးတယ်။ အကြိုစမ်းမျက်လုံး မသုံးရသေးဘူး။ ငါတစ်ကြိမ်သုံးလို့ရသေးတယ်။ မေ့တော့မလို့။

ဒါပေမဲ့ ပျော်ရွှင်မှုက ချက်ချင်းပျောက်သွားလေသည်။ ဒီနည်းက ချူချူယန်ကို မကယ်နိုင်သေးပေ။ လုပ်နိုင်တာက မိန်လိကိုနာကျင်အောင်လုပ်ပြီး ဇူအန် ဟာကွက်ရှာကာ သတ်နိုင်ရုံပင်။ ချူချူယန်ကိုသာ သူတကယ်သတ်ချင်ရင် အခုချိန်တွင် ချက်ချင်းလုပ်ပြီးနေပြီ။

ရုတ်တရက် စည်းထဲမှ နဂါးဝတ်ရုံဝတ်ထားသောလူ၏ စကားကို သတိရလိုက်မိသည်။ သူပြောတာက ရှေးဟောင်းကီရဲ့ သန့်စင်စွမ်းရည် ဘာဆိုလား သုံးလို့ရတယ်တဲ့။ ဒါပေမဲ့ သူမှ မသိတာ။
အခုချိန်ထိ ရှေးဟောင်းကီကို လှည့်လည်ပြီး ခန္ဓာကိုယ်ကို ပြုပြင်ကာ ဒဏ်ရာကုရန်သာ သိသေးသည်။ သန့်စင်နိုင်စွမ်းလုံးဝ မသိချေ။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now