76

345 54 0
                                    

Chapter 76.မှေးမှိန်ကြာပွင့်

ဇူအန် ကြောင်သွားသည်။
ဒီလူက ဘယ်အဆင့်မှာလဲ။ သူ့စကားပြောပုံအရ အတော် အဆင့်မြင့်မယ့်ပုံပဲ။ တော်တော် ခွန်အားကြီးရမယ်။

သို့သော် ဇူအန်အငယ်ကောင်ကိစ္စက လတ်တလော ပိုအရေးကြီးသည်။ ထို့ကြောင့် သူခုတင်မှ ကုန်းရုန်းထလိုက်ပြီး ဗီဒိုကို မွှေလိုက်သည်။ အဝတ်ထပ်များ အောက်ဆုံးမှ ပိုးအတွင်းခံတစ်ခုကို ထုတ်လိုက်သည်။ အရင်တစ်ခေါက် စနိုးအခန်းမှ ခိုး…အဲ..အဲ…ငှားလာသော တစ်ခုပင်။

စနိုး၏ သူအပေါ် လုပ်ကြံမှုကြောင့် သူမကိုယ်ပိုင်ပစ္စည်းအား ဒီနှာဘူးဆေးဆရာကို ပေးရန် ဇူအန်လက်မတွန့်တော့ပေ။

နတ်ဆေးဆရာကျီက ဇူအန်အိပ်ရာမှ ထနိုင်သေးတာကိုကြည့်၍ အထင်ကြီးသွားသည်။
"မင်းက တကယ်ကို ထူးခြားတဲ့ တည်ဆောက်ပုံရှိတာပဲ။ ဒီလောက် ဒဏ်ရာပြင်းတာတောင် ကိုယ့်ဘာသာကိုယ် လှုပ်ရှားနိုင်သေးတယ်။ ကြည့်ရတာ မင်းချူအိမ်တစ်ခုလုံးကို အရူးလုပ်နိုင်တဲ့ပုံပဲ"

ဇူအန် မျက်လုံးလှိမ့်လိုက်သည်။
ဒါပေါ့ ငါ့တစ်ဘဝလုံးစာပျော်ရွှင်မှုက ဒီပေါ်မူတည်နေတာလေ။ အဲ့တာအတွက် ငါလမ်းမလျှောက်နိုင်ရင်တောင် လေးဘက်ထောက်ပြီး ထရမှာပဲ။

"ဒီမှာ ခင်ဗျားလိုချင်တဲ့ ပစ္စည်းကျုပ်ရထားတယ်။ အခု ကျုပ်ကို ကုပေးလို့ရပြီမလား"

နတ်ဆေးဆရာကျီက ပြီးစလွယ်လှမ်းယူကာ အနီးကပ်ကြည့်ပြီး မျက်မှောင်ကြုံ့လိုက်သည်။
"ဘယ်သူ့ဟာလဲ"

"ချင်ဝမ်ယွီ ရဲ့ဟာ" ကျီတန်ထုက ငတုံးမဟုတ်မှန်း ဇူအန် သိလေသည်။ သူသာ အတွင်းခံက ရှန်လျှို့ယီ တို့ ရှို့ဟုန်လေ တို့ ပစ္စည်းဟု ပြောလိုက်ပါလျှင် သံသယဝင်ပေလိမ့်မည်။ သူတို့ပစ္စည်းကို ထိနိုင်ဖို့ အခွင့်အရေးမှမရှိ။ လက်တွေ့တကယ် ရနိုင်သောသူက ချင်ဝမ်ယွီ သာ ဖြစ်လေသည်။

ကျုပ်တောင်းပန်ပါတယ်။ ယောက္ခမကြီး။ ခင်ဗျားသမီးရဲ့ ပျော်ရွှင်မှုအတွက် ခင်ဗျား တစ်ခါလောက်တော့ အနစ်နာခံလိုက်ပါတော့။

ကျီတန်ထု သံသယဖြင့် မျက်လုံးကျဉ်းသွားပြီး
"မင်းငါ့ကို အရူးလုပ်ဖို့ လမ်းဘေးက ဝယ်လာတာမဟုတ်တာ သေချာလား"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now