131

316 48 0
                                    

Chapter 131: နောက်ဆုံးအခွင့်အရေး

မျက်မြင်သက်သေ ကို မြင်လိုက်ရသောအခါ စနိုး၏ မျက်နှာထားလည်း ဟန်ပျက်သွားသည်။ လက်ရှိအခြေအနေကို ရှီခွန်း ကို ပြောပြလိုက်သည်။

အခြေအနေမှာ ပြောင်းပြန်ဖြစ်ကုန်သောကြောင့် ရှီခွန်း အလွန်ဒေါသထွက်သွားသည်။ ကိုယ်နှစ်ခြမ်းခွဲမတက် အကြည့်များဖြင့် မေချောက်ဖုန်ကို လှည့်ကြည့်လိုက်သည်။ မင်းရဲ့ တဏှာ အတွက်နဲ့ ငါ့ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးရဲတယ်ပေါ့။

“မင်းက ဘယ်သူလဲ” ချီရီက မျက်မြင်သက်သေ ကို အလျှင်အမြန် မေးခွန်းမေးလိုက်သည်။ မေချောက်ဖုန် နှင့် ရှီခွန်း တို့၏ တုန့်ပြန်မှုများကို သတိပြုမိလောက်အောင် အမြင်စူးရှမှုရှိနေသည်။

ချူအိမ်၏ အစောင့်များ ခေါ်လာပေးသော မိန်းမသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ချလျက် ပြောလိုက်သည်။ “မြို့စားချီ ကျွန်မက ထန်ဝေ့ရဲ့ ဇနီး ကျန်း ပါ”

“တန်ဝေ့ ဟုတ်လား” ထန်ဝေ့ မည်သူဖြစ်သည်ကို ချီရီ သိသည်။ ထို့နောက် ရုံးတော်အတွင်းတွင် လက်ရှိ ရှိနေသော သူများကို အဓိပ္ပါယ်ပြည့်သော မျက်ဝန်းများဖြင့် ကြည့်ရှု့ အကဲခတ်လိုက်သည်။

ဆန်းဟုန်၏ နဖူးပေါ်တွင် အရေးကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။ သူတို့၏ အစီအစဉ်မှာ နောက်တစ်ကြိမ် ကျဆုံးတော့မည့် ပုံရှိနေသည်။

“မင်း ဒီမှာ ဘာလာလုပ်တာလဲ။ သွား အခုပြန်တော့” နောက်ဆုံးတွင် မေချောက်ဖုန် သူ၏ တွေဝေမှု မှ နိုးလာကာ ကျန်းမိန်းကလေး ဆီသို့ ပြေးသွားပြီး သူမကို မောင်းထုတ်ရန် ကြိုးစားလိုက်သည်။

သူ၏ ရုတ်တရက် ရန်လိုသော အပြုအမူက ကျန်းမိန်းကလေး ကို တဆတ်ဆတ်တုန်အောင် ထိတ်ထိတ်တုန်လှုပ်စေသည်။ သူမသည် မေချောက်ဖုန် ကို အလွန်အမင်း ကြောက်ရွံသည့် ရှင်းလင်းသော လက္ခဏာရပ် ပင်ဖြစ်သည်။

သူတို့ နှစ်ဦးအကြား ချူချူယန် ကြားဝင် ရပ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ “ငါ့ရဲ့ မျက်မြင်သက်သေ ကို ခြိမ်းခြောက် အကြပ်ကိုင်ဖို့ ကြိုးစားနေတာလား”

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now