114

298 44 0
                                    

Chapter 114.

"အကြီးအကဲဝူ သတိထားနော် ချူချူယန်က မျိုးဆက်သစ်တွေရဲ့ ပါရမီအရှိဆုံး လူငယ်ခေါင်းဆောင်လို့ နာမည်ကြီးတယ် ခင်ဗျား ပေါ့လျော့လို့မဖြစ်ဘူး" ယွမ်ဝမ်ဒုံ သတိပေးလိုက်သည်။

ချူချူယန်ကို ယှဉ်ပြိုင်ရန် ဝူတိကို စီစဉ်ထားခြင်းမှာ ချူချူယန်က ချူအိမ်၏ ဂုဏ်ယူစရာပြယုဒ်တစ်ခု ဖြစ်နေ၍ပင်။ ချူချူယန်ကို လူကြားထဲ အနိုင်တိုက်နိုင်လျှင် ချူအိမ်၏ ဂုဏ်သတင်းကို ထိခိုက်စေပြီး ယွမ်အိမ်၏ ဂုဏ်သတင်းကို မြှင့်တင်နိုင်လိမ့်မည်။

"စိတ်ချပါ ငါက သူ့ထက် အဆင့်တစ်ခု ပိုမြင့်တာပဲ အသာလေး အနိုင်ရနိုင်ပါတယ်" ဝူတိ တည်ငြိမ်စွာ ပြောလိုက်သည်။

လက်ရှိ သူစိုးရိမ်နေတာက သူ့ကျင့်ကြံမှုအဆင့်ကို မထုတ်ဖော်ဘဲ အနိုင်တိုက်နိုင်ရန်ပင်။ ပြိုင်ပွဲကို စောင့်ကြည့်နေသူများကို သတိထားကြည့်မိလိုက်သည်။ အုပ်ချုပ်ရေးမှူး ဆန်းဟုန်က ကိစ္စမရှိပေမဲ့ ချူကျုန်းထန်တို့ ကျောင်းအုပ်ကျန်းတို့ သတိထားမိသွားလျှင် ပြဿနာတက်ပေလိမ့်မည်။

ဆန့်ကျင်ဘက် ထောင့်တစ်နေရာတွင် ယွမ်ရှန်လည်း ချူချူယန်ကို သတိပေးနေသည်။
"မမလေး ဒီလူက ကျုပ်တို့တစ်ခါမှ မကြားဖူးတဲ့လူပဲ။ သူ့ကို ခက်ခဲတဲ့ ပြိုင်ဘက်လို့ သတ်မှတ်တာ ပိုကောင်းမယ်။ သတိထားနော်"

ချူချူယန် တည်တည်ငြိမ်ငြိမ် ခေါင်းညိတ်လိုက်သည်။

ယွမ်ရှန် အသာရယ်လိုက်မိသည်။
ငါစိတ်ပူလွန်နေတာ ထင်ပါရဲ့။ မမလေးက လူငယ်တစ်ယောက်ကို ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ။

ပြိုင်ပွဲဝင်များ ပြင်ဆင်နေချိန် ချင်ဝမ်ယွီ သူ့ယောက်ျားနှင့် အသည်းအသန် ဆွေးနွေးနေသည်။
"ယောက်ျား ချူယန်နိုင်ရင်တောင် ကျွန်မတို့မှာ 4:3 ဖြစ်နေတယ်။ နောက်ထပ်နှစ်ပွဲကျန်နေသေးတယ်။ ဒီလိုပဲ ရှုံးသွားတော့မှာလား"

သူ့သမီးအကြီးကို ယုံကြည်သော်လည်း နောက်က နှစ်ယောက်ကို အားကိုး၍ မရပေ။

ချူကျုန်းထန်လည်း စိတ်ပူနေသည်။

"ယွမ်အိမ်က အားကောင်းတဲ့လူတွေ အကုန်လုံးလွှတ်ပြီးသွားပြီ။ ဟွမ်ကျောက်ပြိုင်ဘက်က သိပ်အားမကောင်းလောက်ဘူး။ ငိုကြွေးခြင်းကြာပွတ်နဲ့ပေါင်းရင် နိုင်ဖို့ အခွင့်အရေး ရလောက်ပါတယ်" သူပြန်ပြောသော်လည်း လေသံက အားပျော့၍ ယုံကြည်ချက်မရှိချေ။ သူ့သမီးက ကျင့်ကြံမှုကို အချိန်မပေးသော ကလေးတစ်ယောက်ပင်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now