27

417 56 0
                                    

Chapter 27: ကီးဘုတ်ဧကရာဇ်

"အာ အဲ့တာက သက်တောင့်သက်သာရှိလို့ မေ့သွားတာ" ဇူအန် မလုံမလဲဖြေလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။

"ကျုပ်တို့ပြောတာ ဘယ်ရောက်သွားပြီလဲ။ အို ဟုတ်တယ် ကျုပ်က ကောင်းမှုလုပ်ပြီး နာမည်ကောင်းယူတတ်တဲ့လူတော့ မဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျားက လူကောင်းဆိုတာတော့ ပြောနိုင်တယ်။ ခင်ဗျားရဲ့ စိတ်ရင်းကြောင့် ခင်ဗျားက ကျေးဇူးရှင်နာမည်မသိရရင် စားမဝင်အိပ်မပျော် ဖြစ်နေမှာစိုးရတယ်။  ကျုပ်က စိတ်နူးညံ့တဲ့လူဆိုတော့ ခင်ဗျားခံစားရတာကို မကြည့်ရက်လို့ပါ။အဲ့တာကြောင့် ကျုပ်ကခြွင်းချက်ထားပြီး နာမည်ပြောပြမယ်။ဒါပေမဲ့ ခင်ဗျားရဲ့နောက်လိုက်တွေအပါအဝင် ဘယ်သူ့ကိုမှပြန်မပြောဘူးဆိုတဲ့ ဂတိပေးရမယ်"

ယုယွမ်လော့ မျက်လုံးတစ်ချက် လက်သွားသည်။
"မင်းက သူတို့ကို သံသယဝင်တာလား"

"သံသယဝင်တယ်လို့ မပြောချင်ဘူး။ ကျုပ်က မဖြစ်ခင်ကြိုတင်ကာကွယ်တဲ့သဘောပါ" ဇူအန် ပြန်ဖြေသည်။
"ရှောင်ချီဆီက ကြားတာတော့ ခင်ဗျားတို့ ယုအိမ်တော်က အိမ်တော်အကြီးစားကြီးပါ။ ခင်ဗျားအစောင့်တွေက ဘာလို့ဒီလောက် အားနည်းနေရတာလဲ"

ဇူအန်က လူများ၏စာရိတ္တကို အဆိုးမြင်ခြင်းမဟုတ်ပေ။ ယုယွမ်လော့ကဲ့သို့သော မိန်းမလှတစ်ယောက်သည် နေရာတိုင်းတွင် ယောက်ျားတကာ၏ အာရုံစိုက်မှုကို ရမြဲပင်။
အဆင့်၄ ကျင့်ကြံသူတစ်ယောက်ခေါင်းဆောင်ပြီး အဆင့်၃အစောင့်များပါသော အဖွဲ့တစ်ဖွဲ့သည် သူမကို မည်သို့မျှလုံခြုံစေလိမ့်မည် မဟုတ်ပေ။

ယုယွမ်လော့က ပြန်ဖြေသည်။
"ငါ့ရဲ့ အခြားအစောင့်တွေက လုပ်စရာရှိလို့ တစ်နေရာကို လွှတ်လိုက်တယ်"

ဇူအန် ထိုသို့သောအဖြေကို ခန့်မှန်းထားပြီး ဖြစ်လေသည်။
"ခင်ဗျားပြောချင်တာက ခင်ဗျားအစောင့်တွေ အားအနည်းဆုံးဖြစ်နေတဲ့အချိန်မှာ ဓားပြတွေလာတိုက်တဲ့အချိန်နဲ့ တိုက်ဆိုင်သွားတာပေါ့။ ဒါလည်းဖြစ်နိုင်ပေမဲ့ အရမ်းကြီး တိုက်ဆိုင်လွန်းနေတယ်လို့ ခင်ဗျားမထင်ဘူးလား"
အစောင့်ကြားတွင် သူလျှိုမရှိဘူးဆိုလျှင်ပင် ဇူအန် မစွန့်စားရဲပေ။ လူတစ်ယောက် သူ့အကြောင်းပိုသိလေ မမြင်နိုင်သော ခြိမ်းခြောက်မှု တစ်ခုပိုလေ ဖြစ်လေသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now