162

294 50 0
                                    

Chapter 162: မေ့နေတာ

ဇူအန်၏ ခွန်အားသည် ရှီခွန်းကို ထိတ်လန့်သွားစေသည်။ အဆင့်သုံး သာဖြစ်သော်လည်း ဇူအန် ပြသလိုက်သော အင်အားသည် အဆင့်ငါး ကျင့်ကြံသူတစ်ဦးထက် မလျော့နည်းပေ။ ဒြပ်စင်စွမ်းအားများကို အသုံးမပြုနိုင်သည်မှ လွဲ၍ အဆင့်ငါး ကျင့်ကြံသူ တစ်ဦးနှင့် မခြားပေ။

ထို့အပြင် အစောက ပြန်လည်ကောင်းမွန်လာမှုသည် ရှီခွန်း အဖို့ နားမလည်နိုင်အောင် ဖြစ်စေသည်။ ဇူအန်က အဆင့်တက်သွားသည်ဆို၏။ တိုက်ပွဲများအလယ်တွင် အဆင့်တက်နိုင်သူများသည် ပါရမီရှင် များအနက်မှ ဉာဏ်ကြီးရှင်များဖြစ်ကြသည်။ နောက်ဆုံးတွင် သူတို့တစ်ဦးစီတိုင်းသည် သမိုင်းတွင် မှတ်ကျောက်တစ်ခုစီ တင်မည့်သူများဖြစ်ကြသည်။
ယခုအခါ သူ့ကို မွန်းကြပ်စေသော ဇူအန်မှာ အဓိက ရန်စွယ်တစ်ခု ဖြစ်သည်မှာ သံသယဖြစ်စရာမလိုပေ။

သို့သော် တစ်ချိန်တည်းမှာပင် ဇူအန် ယခုချိန်အထိ ပြသခဲ့သော ထူးဆန်းသော ပညာများကို စိုးရိမ်နေသည်။ ထို့ကြောင့် ၎င်းဖုတ်ကောင်များကို အသုံးချကာ ၎င်းတို့ကို အကုန်အစင် ထုတ်သုံးစေချင်နေသည်။
ထိုအတွေးရှိကာ သူပြောလိုက်သည်။
“ညီနောင်ဇူအန် မှာ အခြားသူတွေကို ဗိုက်ကြီးအောင်လုပ်လို့ရတဲ့ ပညာရှိတယ်မဟုတ်လား။ အဲ့ဒါကို ဒီဖုတ်ကောင်တွေအပေါ် သုံးပြီးတော့ ဒီအန္တရာယ်ကနေ လွတ်အောင်မလုပ်နိုင်ဘူးလား”

“တစ်ယောက်ယောက်က မင်းရဲ့ ခေါင်းကို တိုင်နဲ့ ကိုင်ဆောင့်ထားလို့လား။ အဲ့ဒီ ဖုတ်ကောင်တွေက ဗိုက်ကြီးနိုင်တယ်လို့ တွေးရလောက်အောင် မင်း အတော်တုံးတာပဲ” ဇူအန် ကြိမ်ဆဲလိုက်သည်။

၎င်းဖုတ်ကောင်များသည် နာကျင်မှုကို မခံစားနိုင်ကြပေ။ သို့သော် ထိုပညာမှာ အလုပ်ဖြစ်ရင်တောင် သူ့တွင် အကြိုစမ်းမျက်လုံးကို အသုံးပြုမှု တစ်ခါ သာကျန်ရှိနေတော့သည်။ ထို့ကြောင့် လူအုပ်ရှေ့တွင် သူ အသုံးပြုခဲ့ရင်တောင် အဓိပ္ပါယ်မရှိဖြစ်ပေမည်။

ဇူအန်၏ စကားကို ကြားလိုက်ရသောအခါ ရှီခွန်း အသက်ရှုကြပ်လုနီးပါးဖြစ်သွားသည်။
ယီးပဲ။ ယောက်ျားတစ်ယောက်တောင် ဗိုက်ကြီးနိုင်ရင် ဘာဖြစ်လို့ ဖုတ်ကောင် လည်း မကြီးနိုင်ရမှာလဲ။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now