194

314 41 0
                                    

Chapter 194 : သက်ညှာတယ်

"ဟုတ်တယ်။ အဲ့ဒါက ငါ မထင်မှတ်ဘဲနဲ့ ရှာတွေ့ခဲ့တဲ့ နည်းစနစ်တစ်ခုပဲ။ အဲ့ဒီနည်းလမ်းအတိုင်း ကီကို လည်ပတ်စေလိုက်ရင် သူမရဲ့ နှလုံးသားနဲ့ ခန္ဓာကိုယ်ကို လုံးဝ ဖွင့်လှစ်ထားသလိုဖြစ်သွားစေပြီး စိတ်ခွန်အား ကို လျော့ပါးသွားစေတယ်။ အဲ့ဒါက သူ့ခန္ဓာကိုယ်ထဲကို ငါ ဝင်ပူးလို့ ပိုလွယ်ကူစေတယ်"
၎င်းသည် ချူချူယန်၏ ခန္ဓာကိုယ်ဖြစ်သော်လည်း မိန်လိ ၏ အသံအနေအထား ဖြင့် ပြောနေခြင်းဖြစ်သည်။

"ခင်ဗျား ဘာဖြစ်လို့ သူ့ခန္ဓာကိုယ်ကို ဝင်ပူးတာလဲ။ ကိုယ့်မှာလည်း ရှိနေပြီးသားပဲကို။ ပြီးတော့ အလှအပနဲ့ ကျင့်ကြံမှုအဆင့်က သူ့ထက် နိမ့်တာလည်းမဟုတ်ဘူး..." ဇူအန်၏ ခေါင်းထဲတွင် အတွေးတစ်ခု မြင့်တက်လာသည်။ ထို့နောက် သူ မေးလိုက်သည်။ "နေပါဦး။ ကျန်းဟန် ခုနက သုံးလိုက်တဲ့ အဆိပ်ကြောင့်လား"

မိန်လိခေါင်းညိတ်လိုက်သည်။ "ရှန်းအမျိုးသမီးရဲ့အနီရောင်မျက်ရည် က ငါထင်ထားတာထက် ပိုပြီးတော့ အဆိပ်ပြင်းတယ်။ ငါ့ရဲ့ ကျင့်ကြံမှုအဆင့် နဲ့တောင်မှ အဲ့ဒီအဆိပ်ရဲ့ ကြောက်စရာ အင်အားကို မခုခံနိုင်ဘူး။ အဆိပ်က ငါ့ခန္ဓာကိုယ်မှာ လုံးဝ ပျံ့နှံ့ သွားဖို့ အချိန်တခဏပဲ ကြာလိုက်တယ်။ တိုက်ဆိုင်လို့ ကျင့်ကြံအားထုတ်ခဲ့တဲ့ လျှို့ဝှက်ပညာတစ်ခု ကို သုံးပြီးတော့ ငါ့ ဝိဉာဉ်ကို ကိုယ်ထဲကနေ ထွက်ခွာစေခဲ့ရတယ်။ ဒါတောင်မှ ငါ့ဝိဉာဉ်မှာ အဆိပ်အနည်းငယ် ကပ်ပါလာတုန်းပဲ။ အခုဆိုရင် အရင်ကထက် အားနည်းနေပြီ"
သူမ အချိန်တခဏ ရပ်တန့်ပြီးနောက် ပြောလိုက်သည်။ "ဒါပေမယ့် အဲ့ဒါက နင့်ကို ကိုင်တွယ်ဖို့အတွက်တော့ လုံလောက်တာထက်တောင် ပိုသေးတယ်"

"ဒါကြောင့် ကိုယ့်ခန္ဓာကိုယ် အစား ချူချူယန်ရဲ့ ခန္ဓာကိုယ်ကို ရွေးချယ်ခဲ့ရတာလား" သူရဲဘောကြောင်သော ကျန်းဟန် က သေပြီးနောက်တောင်မှ သူတို့ကို ဆက်လက် ခြောက်လှန့်နေသည်ကို ဇူအန် မယုံနိုင်ဖြစ်နေသည်။ အဖြေတစ်ခုကို ရှာဖွေရန်အတွက် သူ၏ ဦးနှောက်ကို အလျှင်အမြန်အလုပ်ပေးလိုက်သည်။

"အမှန်ပဲ" မိန်လိတခစ်ခစ်ရယ်လိုက်သည်။ "ငါတို့တွေ သိပ်မကြာခင်မှာ ပြန်တွေ့ရဦးမယ်လို့ ငါပြောခဲ့သားပဲ။ ဒါပေမယ့် နင် မယုံခဲ့ဘူး"
အစောက မိန်လိက ထိုစကားလုံးများကို အဘယ်ကြောင့် ပြောခဲ့သနည်းကို ဇူအန် နားလည်သဘောပေါက်သွားပြီဖြစ်သည်။ သူတို့၏ ပြန်ဆုံတွေ့မှုမှာ ပျော်ရွှင်စရာကောင်းမည်မဟုတ် ဟူ၍ပင် အရိပ်အမြွတ်ဖော်ပြခဲ့သေးသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now