125

321 45 0
                                    

Chapter 125: ကျုပ်ဆုကြေး

ဇူအန်၏ စကားများက ချူကျုန်းထန်ကိုပါ ကြောင်အသွားစေသည်။

မင်း ယောက္ခမတွေ နဲ့ ဇနီးသည် တို့ရဲ့ ရှေ့မှာ အစေခံလှလှလေးတွေကို တောင်းဆိုရဲတာ မင်းက ဘယ်လောက်တောင်အရှက်မရှိတာလဲ။ ငါတို့သမီးနဲ့ ပြိုင်လုဖို့ အဲ့လိုလူမျိုးတွေကို မင်းဆီ ငါတို့ ပို့ပေးမယ်လို့ ထင်နေတာလား။ အဲ့လိုလုပ်မယ့် မိဘမျိုး ဒီကမ္ဘာပေါ်မှာ မရှိဘူးကွ။

အရင်တုန်းက ငါလည်း အစေခံလှလှလေး အချို့ လိုချင်ခဲ့တာပဲ။ ဒါပေမယ့် နောက်ဆုံးတော့လည်း ဒီမှာ ငါ တစ်ယောက်တည်းရှိနေဆဲပဲမလား။
ချင်၀မ်ယွီထံ လှည့်ကြည့်လိုက်သော ချူကျုံးထန်၏ အကြည့်များတွင် ကြေကွဲမှုများပြည့်လျှက်ရှိသည်။

ဇူအန်လည်း ထိုစကားများကြောင့် ထိတ်လန့်အံ့သြသွားခဲ့သည်။ သူ့နဖူးများ ကြုတ်လာပြီး မေးလိုက်သည်။ “ချူကလန်အတွက် ကျုပ် ကြီးကြီးမားမား လုပ်ဆောင်ပေးပြီးတဲ့နောက်မှာ နစ်နာကြေးကို လျော့ချဖို့ ခင်ဗျား အရမ်းကပ်စေးနှဲလို့တော့ မဖြစ်ဘူးလေ ဟုတ်တယ်မလား”

“…….” ချင်ဝမ်ယွီ

ထိုအချိန်မှ ချူချူယန် ဝင်ပြောလိုက်သည်။ “အခြေအနေကို ရှင် နားမလည်သေးဘူးလား။ ရှင့်နောက်ကွယ်က လူကို ကျွန်မတို့ သိချင်တာ။ ကျွန်မတို့ ချူမိသားစုကို ဝင်နှောက်ဖို့ ဒီလောက်အထိ လုပ်လိုက်တာ ရှင့်ရည်ရွယ်ချက်က ဘာလဲ အဟွတ် အဟွတ်”

စကားပြောနေရင်း ရုတ်တရက် သူမ ဆိုးဆိုးရွားရွား ချောင်းဆိုးလာခဲ့သည်။ ချူကျုန်းထန်က စိုးရိမ်ပူပန်စွာဖြင့် အမောတကော မေးလိုက်သည်။ “မင်းဒဏ်ရာတွေက ငါ ထင်ထားတာထက် ပိုဆိုးရွားမယ့်ပုံပဲ”

“ဒါက ပြဿနာကြီးမဟုတ်ပါဘူး။ ဒီလောက်လေးက သမီးကို တားဆီးနိုင်မှာ မဟုတ်ဘူး” ချူချူယန်သည် ခေါင်းခါလိုက်ပြီးမှ ဇူအန်ကို ပြန်စိုက်ကြည့်လိုက်သည်။

“ငါက ချူမိသားစုကို ဝင်နှောက်တယ်” ဇူအန်က အလိုအလျောက် ပြန်ဖြေလိုက်သည်။ “ငါ့ကို သားမက်အဖြစ် ရွေးချယ်ပြီး ဒီအိမ်တော်ထဲ ခေါ်လာခဲ့တဲ့သူက မင်း မဟုတ်ဘူးလား”

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Nơi câu chuyện tồn tại. Hãy khám phá bây giờ