25

413 55 0
                                    

Chapter 25: ရှင်သန်ရန် အခွင့်အရေး

ပေါင်ခန်းက ဟက်ဟက်ပက်ပက် အော်ရယ်လိုက်သည်။
"ဒါပေါ့ ကိစ္စမရှိဘူး။ ငါတို့ အနက်ရောင်လေခံတပ်က ဘဝပေါင်းစုံက လူတွေကို လက်ခံတယ်။ အခု ဒီအစောင့်တွေကို အရင်ရှင်းလိုက်ကြမလား"

သူ့စကားများကို ဆန့်ကျင်စွာပင် စိတ်ထဲတွင် ပေါင်ခန်းတွေးနေသည်။ ယုအိမ်ကို တိုက်ခိုက်ခြင်းသည် ကိစ္စအကြီးကြီးပင်။ ဤအရာကို ပေါ်ကြားစေမည့် အရာဘာတစ်ခုမှ ချန်ခဲ့ရန် မဖြစ်နိုင်ပေ။ ဒီကျူးကျော်သူကိုသာ လွှတ်ပေးလိုက်ရင် သူတို့အတွက် ပြဿနာအကြီးကြီး တက်ပေလိမ့်မည်။
သူက ဒီလူရဲ့နောက်ခံကို မသိသေး၍သာ မလှုပ်ရှားသေးခြင်းပင်။ ထို့အပြင် သူတို့သည် ယုအိမ်အစောင့်များနှင့် ယှဉ်တိုက်နေဆဲဖြစ်သည်။ အစောင့်များကိုအရင်ရှင်းပြီးမှ ဒီလူကို သတ်ခြင်းသည် အကောင်းဆုံးဖြစ်ပေသည်။

ဘာပဲဖြစ်ဖြစ် ဒီလူက အဆင့် ၅ နဲ့အထက်တော့ မဖြစ်နိုင်ဘူး။ မဟုတ်ရင် ယုအိမ်အစောင့်တွေကို တစ်ယောက်တည်းရှင်းပေလိမ့်မည်။ သူတို့နှင့် ပူးပေါင်းရန် မလိုအပ်ပေ။

ချုံပုတ်နောက်တွင်ပုန်းနေသော ကျီရှောင်ချီသည် ပို၍ပို၍ မူးနောက်လာရသည်။ ဇူအန် ဘာလုပ်ရန်ကြိုးစားနေသည်ကို သူမ မသိပေ။
သူမသာ ဇူအန်၏အခြေအနေမှန်ကို မသိထားလျှင် သူတကယ်ပင် ထိုသို့လုပ်ရန်ရည်ရွယ်သည်ဟု ထင်ပေလိမ့်မည်။

"ကြားရတာကောင်းတယ်" ဇူအန် သူ့ဓားကိုဆွဲ၍ အနီးဆုံးယုအိမ်အစောင့်ထံသို့ ပြေးဝင်သွားသည်။

ယုအိမ်အစောင့်က သိပ်ပင်မလှုပ်လိုက်ရပေ။ ဇူအန် နောက်သို့ ခြေလှမ်းများစွာ ပြန်ဆုတ်သွားရလေသည်။
ဓားပြများရော ယုအိမ်အစောင့်များပါ မျက်လုံးပြူးသွားရသည်။

သူတို့က တောထဲမှာ ပညာရှင် တွေ့သည်ဟု ထင်ထားကြသည်။ အခုတော့ အဆင့်၃ လူတစ်ယောက်ကိုပင် မယှဉ်နိုင်ချေ။ ထိုတင်မက အစောင့်သည် ယခင်တိုက်ပွဲကြောင့် အားကုန်လုနီးနီးဖြစ်နေသူပင်။

သင်သည် ပေါင်ခန်းထံမှ အမျက်ပွိုင့် ၉၉ ရယူလိုက်သည်။

သင်သည် အနက်ရောင်လေခံတပ် ဓားပြ A ထံမှ အမျက်ပွိုင့် ၉၉ ရယူလိုက်သည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now