167

286 48 0
                                    

Chapter 167: ငါက ဧကရာဇ်ချင်ရှီ

ထိုစကားကို ကြားလိုက်ရသောအခါ ရှောင်းရွှယ်ယင် ကို လက်ညိုးထိုးပြကာ ပြောလိုက်သည်။ “သူ…သူ…သူ့ကို အရင်သွားခိုင်း”

“...” ရှောင်းရွှယ်ယင်
“ရှင့်ရဲ့ သဘောထားကြီးမှုကို ကျွန်မ တကယ်ကို ကျေးဇူး တင်ရမလိုပဲ။ ဟမ့်” ဇူအန်ကို ရှောင်းရွှယ်ယင် က သေနိုင်လောက်သော အကြည့် စိုက်ကြည့်လိုက်သည်။

“မင်းက ငါ့မိန်းကလေးမှ မဟုတ်ပဲ။ ဘာကြောင့် မင်းကို ကာကွယ်ပေးရမှာလဲ။ အခု ငါတို့တွေ ရန်သူ ဖြစ်နေပြီလေ။ အောက်ကျနေတဲ့အချိန် ဆောင့်ကန်ချ ဆိုတဲ့ စကား မကြားဖူးဘူးလား” ဇူအန် အနည်းငယ်မျှ မရှက်ပေ။

ရှောင်းရွှယ်ယင် သက်ပြင်းနက်နက် ချကာ ပြောလိုက်သည်။ “အေးလေ…နင့်မှာ ငါ့ကို ကာကွယ်ပေးဖို့ ဘာအကြောင်းပြချက်မှ မရှိဘူးပဲ”

ရှောင်းရွှယ်ယင် က သူ၏ စကားလမ်းကြောင်း အတိုင်းအလွယ်တကူ လိုက်ပါလာသောကြောင့် ဇူအန် အနည်းငယ် အံအားသင့်သွားသည်။ “ငါ နားကြားများမှားနေတာလား။ မင်းက ငါပြောတာ တကယ်ကို လက်ခံတယ်ပေါ့”

ရှောင်းရွှယ်ယင် က မျက်လုံးလှိမ့်ကာ ပြောလိုက်သည်။ “နင် ဘာတွေ ဖြစ်နေတာလဲ။ နင်ပြောတာကို ငါ လက်ခံတယ်လို့ ပြောလိုက်တော့ နင့်ပုံစံက ဘာဖြစ်လို့ အထိတ်တလန့်ဖြစ်နေရတာလဲ။ ငါက နင်နဲ့ ငြင်းခုံနေရတာ ပျော်တယ်ထင်နေတာလား။ ဖီ…”

ကျောက်တုံးစားပွဲပေါ်တွင် ချူချူယန် အသံထွက်အောင်ရယ်လိုက်သည်။ သူတို့နှစ်ယောက်မှာ တွေ့ဆုံသည့်အချိန်တိုင်း တစ်ယောက်ကို တစ်ယောက် အမြဲ စကားနာထိုးနေကျဖြစ်သည်။ ၎င်းမှာ အမှန်ပင် သမီးရည်းစားချစ်ကြည်စယ်နေသည်ဟု ခံစားရစေသည်။

အမည်းရောင် ဗိုလ်ချုပ် က ဇူအန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ “အနည်းဆုံးတော့ မင်းက ခုနက လူထက်စာရင် ပိုရိုးသားတာပဲ။ လူညံအစစ်တစ်ယောက်ပဲ”

“နေပါဦး။ ကျုပ်က ဘာဖြစ်လို့ လူညံတစ်ယောက်ဖြစ်ရမှာလဲ ကျုပ်ရဲ့ ဇနီးကို ကျုပ်ဘယ်လောက် သစ္စာရှိသလဲဆိုတာကို ခင်ဗျား မမြင်ဘူးလား” ဇူအန် ချက်ချင်း စိတ်တိုသွားသည်။
“အို ခဏနေပါဦး။ ပြောချင်တာက ရှီခွန်းက သူ့ကို စွန့်ပစ်ခဲ့တယ်ပေါ့။ ကျုပ်မှန်းကြည့်မယ်။ သူထွက်ပြေးချိန်ရအောင် သူ့ကို လူသားဒိုင်းကာ အဖြစ် အသုံးချခဲ့တာလား”

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now