28

418 68 0
                                    

Chapter 28: ငတုံးသမီးလေး

"အစ်ကိုဇူ အရင်ဝင်ပြီး အဖေနဲ့တွေ့လိုက်။ သူ့ကို ကျွန်မသူငယ်ချင်းလို့ပြောလိုက်ပါ။ ဒီကလူနာတွေကို ကုပြီးတာနဲ့ ကျွန်မလာခဲ့လိုက်မယ်" သူမရှေ့ရှိ လူအုပ်ကို ထိန်းရင်းကျီရှောင်ချီက ဇူအန်ကို အားနာစွာပြောလေသည်။

"ကောင်းပြီလေ" ဇူအန် ထိုသို့လုပ်ရန် ကြံစည်ထားခြင်းပင်။ သူတို့သားအဖကို အရင်တွေ့ခိုင်းလိုက်ပါက သူပြောထားသော အလိမ်အညာများ အကုန်ပေါ်သွားပေလိမ့်မည်။

ကျီအိမ်၏ အိမ်ရှေ့သည် လူရှင်းနေသည်။ ယခင်စုရုံးနေသော လူစုသည် ကျီရှောင်ချီအနား ရောက်သွားလေပြီ။ အပြင်မှ ထိုင်ခုံသည်လည်း လူမရှိတော့ပေ။ နတ်ဆေးဆရာကျီမှာ အိမ်တော်တွင်းဝင်၍ အနားယူနေလေပြီပင်။

ဇူအန် လာရောက်ရခြင်း အကြောင်းကိုပြောလိုက်၍ အစေခံတစ်ဦးက အဆောင်တစ်ခုသို့ ခေါ်သွားလေသည်။ အခန်းတစ်ခုကို ညွှန်ပြ၍
"သခင်ကြီးက အဲ့ထဲမှာ။ ခင်ဗျားတစ်ယောက်တည်း ဝင်လိုက်တော့"

နတ်ဆေးဆရာကျီက ဆေးဖော်စပ်ရာ နေရာကို တားမြစ်ထားပြီး အစေခံများ ဝင်ခွင့်မရှိချေ။ အပြင်လူများ နတ်ဆေးဆရာကျီကို တိုက်ခိုက်ခြင်းအား စိတ်ပူရန်မလိုပေ။ ဤနေရာတွင် လာရှုပ်ရဲသောသူ လပြည့်မြို့တွင် မရှိပေ။

ဇူအန် တံခါးကိုတွန်းဖွင့်၍ ဝင်လိုက်သည်။ သူက ရယ်သံတစ်ခု ကြားလိုက်၍ နှုတ်ခမ်းတွန့်သွားရသည်။ နောက်ထပ်ခြေလှမ်းအချို့လှမ်းပြီးသောအခါ ဆေးဖော်နေခြင်းမဟုတ်ကြောင်း သေချာသွားလေသည်။

ထိုအစား သူကကုလားထိုင်ရှည်တစ်ခုပေါ် လှဲ၍ သံသယဖြစ်ဖွယ် စာအုပ်တစ်ခုကို လှန်လှောနေလေသည်။ ဒါက မနက်ပိုင်းတွင် ရလိုက်သော ညစ်ညမ်းစာစောင် ဖြစ်ပေလိမ့်မည်။
နတ်ဆေးဆရာ၏ နှာဘူးကျသောမျက်နှာနှင့် ကြက်သီးထဖွယ်ရယ်သံကို ကြည့်၍ ဤညစ်ပေပေလူအိုကြီးက ကျီရှောင်ချီကဲ့သို့ နူးနူးညံ့ညံ့သမီးတစ်ယောက်ကို မည်သို့ပျိုးထောင်လာကြောင်း ဇူအန် သံသယဝင်လာသည်။

"ဟမ်..ငါထင်တာထက် ပြန်လာတာမြန်သားပဲ ။ ဘူးလုံးအကုန်ရခဲ့လား" သူမျက်လုံးသည် စာအုပ်မှမခွာသော်လည်း ဇူအန်ကို ချက်ချင်းသိလေသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now