38

413 61 0
                                    

Chapter 38: ဖီးနစ်ငှက်၏ အကောင်ပေါက် ၉ ကောင်

မဟာလေပြင်း? ဒါက တရုတ်ဒဏ္ဍာရီလာ ရှေးဟောင်းသားရဲမဟုတ်ဘူးလား။

အင်တာနက်တွင် ကျင်လည်နေသည့် လူတစ်ဦးအနေဖြင့် တောင်တန်းနှင့်ပင်လယ်များ၏ ဂန္တဝင် စသဖြင့် ဒဏ္ဍာရီများကို သိနေရန် အရေးကြီးသည်ပင်။ ဤငှက်သည် စာအုပ်များအတွင်းတွင် ပါရှိသော ဒဏ္ဍာရီလာ မဟာလေပြင်း(grandgale )နှင့် တူလေသည်။

ဒဏ္ဍာရီအရ နဂါးမင်းတွင် သား၉ယောက်ရှိသကဲ့သို့ ဖီးနစ်ငှက်တွင် အကောင်ပေါက် ၉ကောင် ရှိလေသည်။ပထမသည် ဒေါင်းဖြစ်သည်။ ဒုတိယက ဂဠုန်၊ တတိယက မီးငှက်၊ စတုတ္ထက ရွှေရောင်ဖီးနစ်၊ ပဉ္စမက ချင်းလွမ် ၊ ဆဌမက ရေခဲဖီးနစ် ၊ သတ္တမက တေးသီဖီးနစ်၊ အဋမက ဘဲခေါင်းပြာ နှင့် နဝမသည် မဟာလေပြင်း ဖြစ်လေသည်။

ငါဘာလို့အကုန်မှတ်မိနေလဲ မေးချင်လား။ ဒီကိစ္စမှာ ရှည်လျားပြ မျက်ရည်ဝဲစရာဇာတ်လမ်း ရှိသေးတယ်။ ခေတ်သစ်တုန်းက Neteaseရဲ့ ဂိမ်းဌာနမှာ နေရာတစ်ခု သွားလျှောက်လိုက်သေးတယ်။ ရေးဖြေစာမေးပွဲက ဒီလို ပေါက်ကရတွေချည်းပဲ။ နဂါးမင်းရဲ့ သား၉ကောင်နာမည်လို ရှည်လျားထွေပြားတာထက် ဒီကိုးခုက မှတ်မိဖို့ အသာကြီး ပိုလွယ်တယ်။

ပြောရရင် ဒီကိုးကောင်အကြောင်း ဗားရှင်းပေါင်းစုံရှိသော်လည်း ဇူအန် တစ်ခုသာ အမှတ်ရသည်။

ထိုအခါမှ ဇူအန် သူလေ့ကျင့်နေသော ကျင့်စဉ်သည် ဖီးနစ်နိဗ္ဗာန်ကျန်းဂန် ဖြစ်ကြောင်း အမှတ်ရလိုက်သည်။ ဒုတိယအဆင့်၏ ထိပ်ဆုံးအပိုင်းရောက်မှ မဟာလေပြင်း၏ ပုံ ပေါ်လာခြင်းမှာ တိုက်ဆိုင်မှု မဖြစ်နိုင်ပေ။

အဆင့်တစ်ခု၏ ထိပ်ဆုံးအပိုင်းရောက်တိုင်း အကောင်သစ်တစ်ကောင်၏ပုံ ပေါ်လာနိုင်ပေသည်။

ဒါပေမဲ့ အဲ့တာတွေက ဘာအတွက်လဲ။ သူများကို ခြောက်လှန့်ရုံသက်သက်တော့ မဟုတ်လောက်ပါဘူး။ ဟုတ်တယ်မလား။

စမ်းသပ်ချက်တစ်ချို့ ပြုလုပ်ပြီးနောက် ထိုအစီအရင်များကို အပြင်လူမမြင်နိုင်ကြောင်း ဇူအန် သိပြီးပြီ။ ပုံများကိုလည်း မြင်နိုင်လိမ့်မည် မဟုတ်ချေ။ သူများကို ခြောက်လှန့်ရန်ကား မဖြစ်နိုင်တော့ချေ။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now