68

328 60 1
                                    

Chapter 68.စေ့စပ်ထားသောသူ

အနီရောင်ဝတ်ရုံတပ်သားများပင် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်မိသည်။ သူတို့သခင်လေးက တော်ရုံမျက်နှာပြောင်ခြင်း မဟုတ်ပေ။

"ငွေချေးပြီးပြီးချင်း အတိုးတန်းတောင်းတဲ့လူ မင်းမြင်ဖူးလို့လား။ အနည်းဆုံး တစ်နှစ်တော့ စောင့်ရမယ်လေ"

သင်သည် မေချောက်ဖုန်း ထံမှ အမျက်ပွိုင့် ၂၀၀ ရယူလိုက်သည်။

"အဲ့လို လုပ်တာမရှိဘူးလား" ဇူအန်က ကြောင်တောင်တောင် ကြည့်လိုက်ပြီး ဤစည်းကမ်းများ နားမလည်ယောင်ဆောင်လိုက်သည်။

ချူချူယန် မြေကြီးကွဲ၍ တစ်ကိုယ်လုံးတွင်းထဲ ဝင်သွားစေချင်မိလိုက်သည်။ ဘာလို့ ဒီလောက် အရှက်မရှိသောသူကို ယောက်ျားအဖြစ် ရွေးချယ်ခဲ့မိသလဲ။

"ပုံမှန်အတိုင်းဆို အတိုးကို အချိန်တစ်နှစ်နေမှ ပေးရတာမှန်ပါတယ်။ ဒါပေမဲ့ ကျုပ်သိသလောက် ခေါင်းဆောင်မေက ၁၃၀ရာခိုင်နှုန်း အတွက် ၉၀ရာခိုင်နှုန်း ယူတယ်လို့ကြားတယ်။ ကျုပ်က အတိုးအရင်တောင်းလိုက်တာ လွန်တယ်လို့ မထင်ပါဘူး"

၁၃၀ရာခိုင်နှုန်း အတွက် ၉၀ရာခိုင်နှုန်းဆိုသည်မှာ အတိုးကြီး ငွေချေးသူများ၏ သုံးနေကျနည်းလမ်းပင်။ ငွေတိုးပေးသူက ပိုက်ဆံချေးသူကို အတိုး ဆယ်ရာခိုင်နှုန်းသာ ယူသော်လည်း  ငွေပမာဏ၏ ၉၀ရာခိုင်နှုန်းကိုသာ ချပေးလိုက်ခြင်းဖြစ်သည်။ ထို့နောက် သုံးလအကြာတွင် ၁၃၀ ရာခိုင်နှုန်း ပြန်တောင်းပေလိမ့်မည်။ ထိုငွေတိုးချေးသူများနှင့် သူတို့၏ ယုတ်မာသော နည်းလမ်းများကြောင့် ဒေဝါလီခံလိုက်ရသူ မနည်းပေ။

မက်မွန်ပွင့်ဂိုဏ်း၏ လစဉ်အတိုး ဆယ်ရာခိုင်နှုန်းနှင့် ယှဉ်လျှင် နှစ်စဉ် အတိုး ဆယ်ရာခိုင်နှုန်းက သက်ညှာလွန်းသည်ဟု ချူချူယန် ထင်လေသည်။ ငွေ ၇ သန်းခွဲ ကသာ ကြီးမားသော ပမာဏမဟုတ်ခဲ့ပါလျှင် ထိုက်ိစ္စကို သဘောတူခဲ့မည် မဟုတ်ပေ။

ဒါပေါ့ မက်မွန်ပွင့်ဂိုဏ်းက ငွေအကျေမပေးချင်မှန်း သူမ ပြောနိုင်လေသည်။ ထို့ကြောင့် သူတို့တစ်ခုခုမကြံစည်ခင် ရနိုင်သလောက် ယူထားခြင်းက ပိုကောင်းပေသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now