113

294 43 0
                                    

113.

"ငါ.." ဟုန်ရှင်းယင် မျက်နှာနီသွားသည်။
ငါ ဒီကောင်လှောင်တာ ခံလိုက်ရတာလား။

သင်သည် ဟုန်ရှင်းယင် ထံမှ အမျက်ပွိုင့် ၉၉၉ ရယူလိုက်သည်။

သို့သော် ဇူအန်စကားများကို ပြန်မငြင်းနိုင်ပေ။ သူက အကြွားလွန်ထားသည်ပင်။ သို့သော် အမြန်ပြန်ခနဲ့လိုက်သည်။
"မင်းက ငါ့ထက်ပိုပြီး အရှုံးကြီးရှုံးဦးမှာ ။ အနည်းဆုံး ငါက ပြိုင်ဖက်နဲ့ ယှဉ်တိုက်နိုင်သေးတယ်။ နောက်ဆုံးတစ်ချက်မှ ရှုံးသွားတာ"

ဇူအန် လျှာခေါက်၍ ပြန်ဖြေလိုက်သည်
"ရှုံးတာက ရှုံးတာပဲ။ ပြီးတော့ ငါရှုံးမယ်ဆိုတာ သေချာလို့လား။ တကယ့်ပညာရှင်က ဘယ်လိုလဲ ငါမင်းကို ပြမယ်"

"တော်ပြီ" ဟုန်ရှင်းယင် ပြန်မဖြေနိုင်ခင် ချင်ဝမ်ယွီ စိတ်မရှည်တော့ပေ။ သူက ဇူအန်ကို မျက်စောင်းခဲ၍
"နင်က ချူအိမ်သားရော ဟုတ်သေးလား။ ကိုယ့်အဖွဲ့ဝင်ရှုံးတာကို အားပေးရမယ့်အစား လာလှောင်နေတယ်"

ဇူအန် ပုခုံးတွန့်၍ ပြန်ပြောလိုက်သည်။
"သူက ရှုံးပြီးနေပြီ အားပေးတော့ရော ဘာထူးမှာလဲ။ စင်ပေါ်တက်ပြီး နောက်တစ်ခေါက် ထပ်ပြိုင်မှာမှ မဟုတ်တာ"

"ပါးစပ်ပိတ်ထား" ချင်ဝမ်ယွီ အေးစက်စက် ပြောလိုက်သည်။
"ပြိုင်ပွဲမှာ အစွမ်းကုန်ကြိုးစားတဲ့လူတိုင်းက ချူအိမ်ရဲ့ လေးစားမှုကို ထိုက်တန်တယ်။ သူနိုင်နိုင် ရှုံးရှုံး သူက ချူအိမ်သားပဲ။ ရှုံးတဲ့လူတိုင်းကို လှောင်ရရင် လူတိုင်း သွေးအေးသွားမှာပေါ့။ နင်စကားမပြောတတ်ရင် ပါးစပ်ပိတ်ထား"

ချူကျုန်းထန်လည်း ဝင်ပြောသည်။
"ဇူအန် မင်းလုပ်ရပ်က တကယ် မသင့်တော်ဘူး။ အနိုင်အရှုံးက ပုံမှန်ပဲ။ ရှုံးတဲ့လူတိုင်းကို အပြစ်တင်ရလောက်အောင် ငါတို့ချူအိမ်က စိတ်ထားမသေးသိမ်ဘူး"

ဇူအန် မျက်မှောင်ကြုတ်လိုက်သည်။
သူငါ့ကို လာလှောင်နေတုန်းကကျ ဘာလို့ ရှေ့ထွက်မလာတာလဲ။

သူက ပြန်ပြောရန်ပြင်လိုက်စဉ် ချူချူယန် အင်္ကျီလက်ဆွဲလိုက်ပြီး အသံပို့လိုက်သည်။
"ငါ့အမေကို စိတ်တိုအောင် ထပ်မလုပ်နဲ့တော့။ ရှင့်နေရာ ရှင်ပြန်ပြီး ထိုင်သင့်တယ်။ နောက်ပြိုင်ပွဲတွေအတွက် ဆွေးနွှေးရဦးမှာ"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now