66

330 54 0
                                    

Chapter 66.အကြပ်အတည်း

လပြည့်မြို့သည် ဆားနှင့်သတ္ထုရောင်းဝယ်ရာ စီးပွားရေးမြို့တစ်ခုဖြစ်သဖြင့် ကုန်ပစ္စည်းများ သွင်းကြပို့ကြသည်။ လဲလှယ်မှု အများစုက မြစ်တစ်လျှောက်တွင် အဖြစ်များသဖြင့် မြစ်ကမ်းစပ်အစောင့်တပ်ဖွဲ့ ဖြစ်ပေါ်လာရခြင်းပင်။

ထိုအဖွဲ့က တရားမဝင်ကုန်သွယ်သူများကိုဖမ်း၍ မြစ်တစ်လျှောက် မကြာခဏပေါ်လာတတ်သော သားရိုင်းများရန်မှ ကုန်စည်များနှင့် အထောက်အပံ့များကို ကာကွယ်ပေးသည်။

ဆန်းရှန်က ချူချူယန်ကို တည်ငြိမ်စွာ ပြန်ဖြေသည်။
"ကျုပ်အလုပ်က ကင်းလှည့်ဖို့ ဆိုပေမဲ့ လူတွေရဲ့ လုံခြုံရေးကိုလည်း တာဝန်ယူရတယ်။ ဒီမှာလူဒီလောက်များတာ ရုန်းရင်းဆန်ခတ်ဖြစ်နိုင်တယ်။ ဝင်ကြည့်ပြီး မေးမြန်းရတာ ကျုပ်အလုပ်မဟုတ်ဘူးလား"

"ဒီကိစ္စကို ဆန်းအရာရှိ စိတ်ပူဖို့ မလိုပါဘူး" ချိုသာသော အသံတစ်ခု ထွက်လာသည်။

အစောင့်အုပ်စုများ ဝန်းရံလျက် ယပ်တောင်ခပ်နေသော လူငယ် တစ်ဦး ဝင်လာသည်။ သူ့မျက်နှာက ကျောက်စိမ်းလို ချောမွတ်နေပြီး စာပေသမားကဲ့သို့ ယဉ်ကျေးသိမ်မွေ့သောအရှိန်အဝါ ရှိနေသည်။

"အဲ့ဒီလူက ယောက်ျားလား မိန်းမလား"

"ရှူး မင်းသေချင်လို့လား.သူက မြို့စားအိမ်က သခင်လေးလေ"

.....

ဇူအန်ကို ချီရှို့ကို တွေ့လိုက်ရ၍ အံ့သြသွားသည်။ အမှန်တော့ တော်ဝင်မျိုးနွယ်တွေ အိမ်တော်ကြီးတွေမှာ အမျိုးသားကိုယ်လုပ်တော် ဘာကြောင့်ထားမှန်း ဇူအန်အရင်က နားမလည်ပေ။ သို့သော် ချီရှို့လောက် လှပလျှင် နားလည်ပေးနိုင်လေသည်။ ဖီး..ငါဘာတွေ တွေးနေတာပါလိမ့်..။

ချီရှို့ကို မြင်သည်နှင့် ဆန်းရှန် မျက်နှာ တင်းသွားသည်။
"ဒါက ချီသခင်လေး ထင်ပါရဲ့။ ကျုပ်ကြားတာမှန်ရင် သခင်လေးက လပြည့်ဝန်းအကယ်ဒမီ မှာ စာသင်နေတုန်းဖြစ်ပြီး ရာထူးမရှိသေးပါဘူး။ အာဏာမရှိဘဲ အစောင့်တွေကို ခေါ်ထုတ်လာတာ မသင့်တော်ဘူးလို့ မထင်ဘူးလား"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now