99

296 54 0
                                    

Chapter 99.

"ဟယ်…ချောလိုက်တာ"

"သူက ရှီအိမ်ရဲ့ ၆ ယောက်မြောက် သခင်လေး မဟုတ်ဘူးလား"

"မိန်းမတွေ သူ့ကို အစားအစာပို့ပေးတာ မဆန်းတော့ဘူး။ သူ့ရုပ်ကိုပဲ ကြည့်ပါလား။ ငါတောင် သူ့ကို အလိုလိုက်ချင်လာတယ်"

"အဲ့လိုလား ငါတော့ ကောလဟလတွေလောက် ချောတယ်မထင်ပါဘူး ငါတို့ကျောင်းက ချီရှို့ကိုပဲကြည့်လေ သူနဲ့ယှဉ်ရင် ပိုသာသလိုပဲ"

"အဲ့လို အမှိုက်မျိုးကို မပြောစမ်းပါနဲ့။ အဲ့ဒီကောင်က ရှီသခင်လေးနဲ့ တစ်တန်းတည်း နှိုင်းလို့ရမလား"

ဖြတ်သွားဖြတ်လာကျောင်းသူများ ရှီခွန်းကို မြှောက်ပင့်နေကြသည်။

"ဟ..မိန်းမတွေများ" ဇူအန် သရော်လိုက်သည်။
ရှီခွန်းအနားတွင် လူတစ်ချို့ရှိနေသည်။ အများစုကို ဇူအန် မရင်းနှီးသော်လည်း တစ်ချို့ကို မှတ်မိသေးသည်။ ယွမ်ဝမ်ဒုံ နှင့် ရီချန်းလျန် ကို အသာလေး ဆွဲထုတ်နိုင်သည်။

ယွမ်ဝမ်ဒုံက အမြဲတမ်း သူ့ကိုယ်သူ လောကကြီးတစ်ခုလုံး ပိုင်စီးနေသလို ပြုမူနေတတ်သည်။ သို့သော် ယနေ့ သူ့ပုံမှန် မောက်မာမှုများ လုံးဝမမြင်ရပေ။ ရှီခွန်းနောက်တွင် ကျိုးနွံစွာ ပြုံး၍ မြှောက်ပင့်ရန် နည်းလမ်းရှာကာ တစ်ကောက်ကောက်လိုက်နေလေသည်။
ရီချန်းလျန် ကပိုဆိုးသေးသည်။ သူ့မျက်နှာထားက ဖော်လံဖား ၏ ပြဌာန်းစာအုပ်မျက်နှာဖုံးအလားပင်။

ဒီလောကကြီးက လက်တွေ့ဆန်ချက်ပဲနော် ဟင်း။
အရင်ဘဝတွင် များစွာမြင်ဖူးပြီးဖြစ်၍ ဇူအန် သက်ပြင်းချလိုက်မိသည်။

ချူဟွမ်ကျောက် ရှီခွန်းကို တစ်ချက်ကြည့်၍ တီးတိုးပြောလေသည်။
"သူ့ကို အများကြီးပိုချောမယ်ထင်ထားတာ။ ငါ့ခဲအိုနဲ့ သိပ်လည်းမကွာဘူး"

ဇူအန် မျက်နှာမည်းသွားသည်။
သူက ငါ့ကို ချီးကျူးနေတာလား။ နှိမ်နေတာလား။

ရှီခွန်းက သူတို့ထံ နှစ်လိုဖွယ်ရအပြုံးဖြင့် လျှောက်လာသော်လည်း ချူချူယန်ကို မျက်မှောင်သာ ကြုံ့စေသည်။ သူမ ပါးစပ်ဖွင့်၍ ပြောရန်ကြံလိုက်စဉ်မှာပင် ရှီခွန်း ဖြတ်ပြောလေသည်။
"ချူမိန်းကလေး လမ်းမပေါ်မှာ ကျုပ်ကို တစ်ခြားယောက်ျားတစ်ယောက်လို့ ခေါ်တာ ထားပါတော့ ။ အခု ကျုပ်တို့က ကျောင်းဝန်းထဲမှာ။ အနည်းဆုံး ကျောင်းနေဖက်တွေဖြစ်နေပြီ။ ချူမိန်းကလေးအတွက် တစ်ခြားယောက်ျားတော့ မဟုတ်တော့ပါဘူးနော်"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now